၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဘာ့ကြောင့် ပြည်သူစိတ်ဝင်စားမှု နည်းနေတာလဲ (အပိုင်း ၁)

24 March 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဘာ့ကြောင့် ပြည်သူစိတ်ဝင်စားမှု နည်းနေတာလဲ (အပိုင်း ၁)

ဦးမျိုးသန့်

Editor, Mizzima Media

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ Mizzima Dialouge TV Show အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ဒီကနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင်မှာ ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု အခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ဖိတ်ခေါ်ထားတဲ့နှစ်ယောက်ကတော့ ကျွန်တော်ဘေးမှာထိုင်နေတာကတော့ ဒေါ်ကြည်ပြာဖြစ်ပါတယ်ခင်ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျောက်တံတားမြို့နယ်ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ စိုင်းရဲကျော်စွာမြင့် ဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ Pace လို့ခေါ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး NGO   ရဲ့ အမှုဆောင် ဒါရိုက်တာဖြစ်ပါတယ်။

အဲတော့ ကိုစိုင်းကို ကျွန်တော် ပထမဦးဆုံး မေးပါရစေ။ ကျွန်တော်တို့ ဒီရွေးကောက်ပွဲက ဧပြီ ၁ ရက်နေ့မှာပဲ စပြီးတော့ ကျင်းပြကြတော့မယ်။ အဲတော့ ဒီ အမတ်တွေကလည်း မဲဆွယ်စညး်ရုံးရေးတွေ စနေကြပြီ။ ဒါပေမယ့် ကျွန်တော် လေ့လာမိသလောက်တော့ ဒီကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူလူထုက အရင်တုန်းက ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲလောက် စိတ်ဝင်စားမှု မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ကိုစိုင်းကရော ဒီကိစ္စမှာ လေ့လာနေတဲ့အခါကျတော့ ဘယ်လိုများမြင်သလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ကျွန်တော်တို့ ဇန်နဝါရီလကုန်မှာ မဲစာရင်းတွေမကပ်ခင်မှာ မဲဆွယ်စညး်ရုံးမှုတွေ မစခင်မှာ ကျွန်တော်တို့ စစ်တမ်းတစ်ခု ကောက်ခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲရှိတဲ့ မြို့နယ် ၂၁ မြို့နယ်မှာပေါ့။ ကျွန်တော်တို့က အဲဒီမြို့နယ်တွေမှာ စစ်တမ်းကောက်တဲ့အခါမှာ ကျွန်တော်တို့ကမေးတယ်။ ဒီမြို့နယ်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်ဆိုတာ သိသလားလို့ မေးတဲ့အခါမှာ သိတဲ့သူက ၅၃ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ သဘောကတော့ စိတ်ဝင်စားမှု နည်းသွားတာလား များသွားတာလားဆိုတာကို ကျွန်တော်တို့ ဆက်မေးတယ်။ သေချာတာကတော့ သူတို့ ကြားဖြတ်ရွေးကောက်ပွဲ သတင်းအချက်အလက် ရယူဖို့ကတော့ အရမ်းနည်းတယ်။ နောက်တစ်ခု စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့ ထပ်ပြီးတော့မေးတယ် ဒါဆိုရင် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာရော မဲထည့်ဖို့ အစီအစဉ် ရှိသလားလို့ မေးတဲ့အခါမှာ ကျွန်တေ်ာတို့က သူတို့ကို Waiting ပေးတယ်။ တစ်ကနေ ငါးအထိ ကံသေကံမမေးတယ်။ တစ်ကနေ လေးအထိက မဆုံးဖြတ်နိုင်သေးဘူး။ ငါးကတော့ မဲထည့်မယ်ပေါ့။ ကံသေကံမ မဲထည့်မယ်လို့ဆိုတဲ့သူက ၅၇ ရာခိုင်နှုန်းပဲရှိတယ်။

ဆိုတော့ ၂ သန်းမှာ ၅၇ ရာခိုင်နှုန်းကပဲ ကံသေကံမ မဲထည့်ဖို့ရှိတယ်ဆိုတဲ့သဘော ဒါကတော့ ကျွန်တော်ထင်တယ် ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ဒါကို Strategy ဆွဲပြီးတော့မှ သူတို့ကို မဲထည့်မယ့်သူတွေ မဲလာထည့်အောင်လုပ်မယ်။ ဆိုတော့ သဘောကတော့ သတင်းအချက်အလက် ရောက်ရှိမှုကတော့ နည်းနေတယ်လို့တော့ ကျွန်တေ်ာ အကြမ်းပျဉ်းတော့ ပြောလို့ရတယ်။

ဦးမျိုးသန့်

Editor, Mizzima Media

 

အဲတော့ အမရေ ကိုစိုင်းကတော့ပြောသွားတယ် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့က သတင်းအချက်အလက် များများပေးဖို့ လိုတယ်ဆိုပြီးတော့မှ ပြောတယ်။ ဆိုတော့ အမတို့ ကိုယ်စားလှယ်တွေအနေနဲ့ကရော ဒီ ကိုယ့်ပါတီဝင်တွေက ဘယ်လိုတွေများ လုပ်နေပြီလဲ။ ဒီကြားဖြတ်ရွေးကောက်ပွဲပေါ့။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်မတို့ပါတီမှာကတော့လေ ကြားဖြတ်က ကျွန်မတို့မြို့နယ်မှာဆိုရင်တော့ မပါဘူးပေါ့လေ။ ရန်ကုန်မှာဆိုရင်တော့ ဒဂုန်အရှေ့တို့ဘာတို့ ပါတာပေါ့လေ။  ကော့မှူးတို့လည်းပါတယ်။ လှိုင်သာယာတို့လည်း ပါတာပေါ့နော်။ လှိုင်တို့ဘာတို့မှာလည်း အမျိုးသားလွှတ်တော် တစ်နေရာပါတယ်။ အဲဒီဘက်မှာတော့ တော်တော်လေးကို ကိုယ်စားလှယ်တွေကိုယ်တိုင် ဆင်းပြီးတော့ လုပ်နေတာတွေရှိတယ်။ ကိုစိုင်းပြောတဲ့ ဇန်နဝါရီဆိုတာကတော့ နည်းနည်းစောတာလည်း ပါတာပေါ့နော်။ ပြောရရင် ပြည်သူကလည်း နည်းနည်းအေးနေတာလည်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ၂၀၁၅ မှာ တော်တော်ကိုပဲ အင်တိုက်အားတိုက် တော်တော်လေးကို လုပ်ခဲ့ကြတယ်ပေါ့နော်။ အားလည်းပေးခဲ့ကြတယ်။ အခုကြတော့ သူတို့လိုချင်တဲ့အစိုးရလည်း တက်သွားပြီဆိုပြီးတော့ ငြိမ်သွားတာလားတော့မသိဘူး။ တော်တော်လေးကို ငြိမ်နေတဲ့အနေအထားမျိုးမှာ ကျွန်မတို့ ကမ်ပိန် စတဲ့ နှစ်လအတွင်းမှာတော့ ကျွန်မတို့ကိုယ်စားလှယ်တွေကိုယ်တိုင်လည်း ပါတီကလည်း အဲဒီအတွက်ကို သေသေချာချာ ညွှန်ကြားထားတယ်ပေါ့နော်။ သက်ဆိုင်ရာ နယ်မြေက ကိုယ်စားလှယ်တွေ ဥပမာ လှိုင်တို့ ကြီးမြင့်တိုင်တို့ဆိုရင် ပါတယ်။ အမျိုးသားလွှတ်တော်အနေနဲ့ဆိုရင်ပေါ့ သူတို့တွေဆိုရင် သူတို့ကိုယ်တိုင်လိုက်ပြီးတော့ မဲဆွယ်တာမျိုးတွေလုပ်တယ်။ ဆိုတော့ အခုတော့ တော်တော်လေးကိုပဲ Draw to Draw System တွေအနေနဲ့ ပြည်သူတွေကို အသိပညာပေးလုပ်ငန်းတွေ လုပ်နေတယ်။ နောက်တစ်ခု ကျွန်မသိထားတာက တိုင်းရင်းသား ဘာသာစကားနဲ့ပါ လုပ်နေတာမျိုးလေးတွေ တွေ့ရပါတယ်ရှင့်။ ဘာပဲဖြစ်ဖြစ်တော့ ဒီနှစ်လအတွင်းတော့ ပိုပြီးတော့ သိလာကြပြီးတော့ ဧပြီ ၁ ရက်နေ့မှာတော့ မဲပေးကြမယ်လို့ ထင်ပါတယ်။

ဦးမျိုးသန့်

Editor, Mizzima Media

အဲတော့ ကိုစိုင်းရေ ဆရာမကတော့ ပြောသွားတယ် ရန်ကုန်တိုင်းအတွင်းမှာတော့ ကိုယ်စားလှယ်တွေအနေနဲ့ တော်တော်လေးကို လုပ်နေကြတယ်။ တခြား ရန်ကုန်ပြင်ပ တိုင်းရင်းသားဒေသပဲခေါ်ခေါ် ရန်ကုန်နဲ့ အဝေးမှာရှိတဲ့ ဒေသတွေကရော။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးကာလ ဖေဖော်ဝါရီ ၁ ရက်နေ့ စလုပ်တော့ ကျွန်တော်တို့ စပြီးတော့မှ မဲဆွယ်စည်းရုံးမှု စလုပ်တယ်။ မြို့နယ် ၂၁ မြို့နယ်မှာပေါ့။ အဓိကကတော့ သူတို့ မဲဆွယ်စညး်ရုံးမှု စလုပ်တဲ့အခါမှာ စည်းဝေးဟောပြောမှုတွေမှာ ပါမစ်တွေရလား မရဘူးလား ပါတီကြီးပါတီလေး တန်းတူညီမျှမှု ရှိရဲ့လားလို့ အဲဒါတွေစမ်းစစ်လေ့လာတယ်။ လေ့လာတဲ့အခါမှာ ကျွန်တော်တို့ မေးတယ်ပေါ့ မေးခွန်းတွေ။ စည်းဝေးဟောပြောမှုတွေ လုပ်ဖို့ရှိလား။ ကမ်ပိန်းအနေနဲ့ လုပ်ဖို့ရှိလားလို့ မေးတဲ့အခါမှာ ကျွန်တော်တို့ ၃၀ ရာခိုင်နှုန်းလောက်က ဘာမှလုပ်ဖို့ မရှိဘူးလို့ ပြောတဲ့ဟာမျိုးလည်းရှိတယ်။ အင်တာဗျူးတွေလည်း ကျွန်တော်တို့ အများကြီးမေးတယ် မေးတဲ့ အမတ်တွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က သူတို့ ဘာမှလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောတာ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ဘာလုပ်သလဲလို့ ပြောတဲ့အခါမှာ သူတို့ရဲ့ အဓိက ဘာလဲဆိုတော့ စုဝေးဟောပြောမှုထက်စာရင် လက်ကမ်းစာစောင်တွေ ဝေတာက ပိုပြီးတော့များတယ်။ အဲဒါ သူတို့အများဆုံးသုံးတာပဲ။ ဆိုတော့ ကျွန်တော်စိတ်ထင် ခုနက မကြည်ပြာပြောသလိုပဲ ပြည်သူလူထုနဲ့က အတူလုပ်နေဖို့လိုတယ်။ အဲဒါကတော့ သိသိသာသာ နည်းတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။

ဦးမျိုးသန့်

Editor, Mizzima Media

ဆိုတော့ အဲဒါက ဘယ်လိုအခြေအနေကြောင့် ဒီလိုဖြစ်သွားတာလဲ။ ကျွန်တော်စဉ်းစားမိသလောက် ၂၀၁၀ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပေးတဲ့ အချိန်ကနေစပြီးတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲရှိတယ် အထွေထွေရွေးကောက်ပွဲရှိတယ်။ ဒီမှာ လူတွေက အုံးအုံးကြွကြွကို ဒီမှာ ကိုယ်စားလှယ်လောင်းတွေကလည်း အုံးအုံးကြွကြွကို လုပ်နေကြတာတွေရှိတယ်။ ပြည်သူလူထုကလည်း အင်မတန်ကိုမှ စိတ်ဝင်စားတယ်။ အခုက တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က ၂၀၁၅ ဆိုကြပါစို့ ခုနကပြောသလိုပဲ NLD ပါတီကနေ အာဏာရသွားတဲ့အခါမှာ စိတ်ဝင်စားမှုကလည်း လျော့သွားတယ်။ ကိုယ်စားလှယ်လောင်းတွေကလည်း ကိုစိုင်းပြောသလိုပဲ သိပ်ပြီးတော့ အားထုတ်လှတယ်လို့ ပြောလို့မရဘူးဖြစ်နေတယ်။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အဲဒါကတော့လေ တခြားပါတီတွေနဲ့လည်း ကိုစိုင်းတို့ အင်တာဗျူးခဲ့တာ .............

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ကျွန်တော်တို့ အဓိ အင်တာဗျူးခဲ့တာ လေးပါတီရှိတယ်။ NLD ကိုမေးတယ်။ နောက် USDP ကိုမေးတယ်။ နောက်ပြီးတောမှ အဲဒီဒေသမှာရှိတဲ့ သြဇာရှိတဲ့ပါတီကြီးတွေပေါ့ ရှမ်းဆိုလည်းရှမ်း အမ်းဆိုလည်း အမ်းရှိမှာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ပါတီငယ် တစ်သီးပုဂ္ဂလ အဲဒီပါတီလေးခုကို မေးတယ်။ အဲဒီအထဲကမှ ၃၀ ရာခိုင်နှုန်း လောက်က ဘာမှလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောတာပေါ့။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်မသိရသလောက်ကတော့လေ ကျွန်မတို့ နဂို ၂၀၁၅ ဖြတ်သန်းလာတဲ့ ကိုယ်စားလှယ်တွေကလည်း ပြန်ပြီးတော့ ကူညီပေးနေတာတွေရှိတယ်ဆိုတော့လေ မသိစရာတော့မရှိဘူး။ များသောအားဖြင့်ကတော့ Draw to Draw နဲ့သွားမယ်။ လက်ကမ်းစာစောင်တွေဝေမယ်။ ဥပမာဆိုလို့ရှိရင် အမ်းပေါ့နော်။ အမ်းဆိုလို့ရှိရင် ရခိုင်ဆိုတော့ ပိုဂရုစိုက်ရမယ်ဆိုပြီးတော့ မကွေးတိုင်းက တော်တော်များများကို ဆင်းကြတယ်။ အဲဒီမှာဆိုရင် Draw to Draw အတွက်ကို နေရာခွဲပြီးတော့ လုပ်တာမျိုးဆိုတော့ Pamphlet ကမ်ပိန်းကတော့ အရေးကြီးတယ်။ ဒါကတော့ ကိုယ့်ရဲ့သတင်းအချက်အလက်ကို တိုက်ရိုက်ပို့တာဆိုတော့ အဲဒီ Pamphlet လေးတွေနဲ့ Draw to Draw လုပ်နေတာလေးတွေကိုတော့ တော်တော်လည်း တွေ့နေရပါတယ်။ ကျွန်မ အခုချိန်ထိ သိရသလောက်ပေါ့နော်။ ပြီးတော့ တချို့ကျတော့လည်း နည်းနည်း အခက်အခဲရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ ၂၀၁၅ တုန်းကဆို ကျွန်မတို့ခေါင်းဆောင်က နေရာတော်တော်များများကို လိုုက်ပြီးတော့ လုပ်ပေးတယ်။ ဘဘ ဦးတင်ဦးတို့ကလည်း နေရာတော်တော်များများ လိုက်နိုင်တယ်။ အခုကျတော့ ကျွန်မတို့ရန်ကုန်မှာဆိုရင် တစ်လောကပဲ ဦးဝင်းမြင့်ကိုယ်တိုင် ဆင်းပြီးတော့ Ready တွေ လုပ်သွားတာမျိုးတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ်စားလှယ်ချည်းပဲ သီးသန့်အနေနဲ့ကြတော့လည်း တစ်ဦးတည်းဖြစ်သွားတယ် ယခင်တစ်ခေါက်က ကျွန်မတို့က အနည်းဆုံး တစ်မြို့နယ်မှာ လေးဦးဆိုတော့ နည်းနည်း အင်အားကလည်း ကောင်းတော့လေ အခုကျတော့ သူတို့က Draw to Draw နဲ့ Pamphlet ဝေပြီးတော့မှပဲ တစ်ဦးချင်းစီကို ဆင်းပြီးတော့ တွေ့တဲ့ဟာမျိုးုကပဲ ပိုပြီးတော့ သူတို့အတွက် အားသာမယ်လို့ပဲ ယူဆမယ်လို့ ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly