လူနာများမှ စိုက်ထုတ်ကုန်ကျရငွေကျဆင်းဟု ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြော

လူနာများမှ စိုက်ထုတ်ကုန်ကျရငွေကျဆင်းဟု ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြော
ဓာတ်ပုံ-MOI

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၇၅၃ ဘီလီယံကျပ် (ကန် ဒေါ်လာ ၆၀၂သန်း) ချထားခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ခွဲဝေမှုထက် ၈ ဒသမ ၇ ဆခန့် ပိုတိုးပေးထားသည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇူလိုင် ၂၈ တွင်ပြောသည်။

ယင်းသို့ ဘဏ္ဍာငွေ တိုးပေးခဲ့သဖြင့် အဓိကလိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို ၂၀၁၁ ခုနှစ်ကထက် ၃၅ ဆ တိုးမြှင့်ဝယ်ယူနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၂ သန်းဖိုးခန့် ဖြစ်သည်ဟု နေပြည်တော်၌ ကျင်းပနေသည့် အမျိုးသားအဆင့်ကျန်းမာရေးညီလာခံ၌ ပြောကြားသည်။

ဆရာဝန်နှင့် သူနာပြုများ ခန့်ထားမှုများကို မြှင့်တင်နိုင်ခဲ့သည့်ပြင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များတွင်လည်း လူနာများမှ စိုက်ထုတ်ကုန်ကျရငွေသည် ၂၀၁၁ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် တွင် ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly