P&G ၏ Childern’s Safe Drinking Water အစီအစဉ်မှ ကမ္ဘာ့ရေနေ့ကျင်းပ

P&G ၏ Childern’s Safe Drinking Water အစီအစဉ်မှ ကမ္ဘာ့ရေနေ့ကျင်းပ

၂၀၁၇မတ်လ၂၂ရက်နေ့တွင် Procter & Gamble (P&G) မှ နိုင်ငံတာကာ မိတ်ဖက်များနှင့်အတူ ကမ္ဘာအနှံ့ သောက်သုံးရေရှားပါးမှုကို ကူညီဖြေရှင်းပေးရန် ကြိုးပမ်းအားထုတ်မှု တစ်ခုအနေဖြင့် (၂၅)ကြိမ်မြောက် ကမ္ဘာ့သောက်သုံးရေနေ့တွင် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါသည်။ P&G Children’s Safe Drinking Water  (CSDW) အစီအစဉ်မှတဆင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ခက်ခဲနေသူများကို CSDW မှ ကူညီဖြည့်ဆည်းပေးမည့် အစီအစဉ်များအတွက် လှုံဆော်မှုများကို နိုင်ငံပေါင်း (၁၅)နိုင်ငံကျော်တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတို့၏ တရားဝင် ထုတ်ပြန်ချက်အရ (၅)နှစ်အောက် မြန်မာကလေးများသေဆုံးမှု၏ (၂၀)ရာခိုင်နှုန်းသည် ၀မ်းပျက် ၀မ်းလျှောရောဂါကြောင့်ဖြစ်ပြီး၊ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် (၂) ဆခန့် ပိုမိုများပြားကြောင်းနှင့် ထိုရာခိုင်နှုန်းသည် ရေအလွန်ရှားပါးသော အာဖရိကရှိ ဆာဟာရ ကန္တာရတောင်ပိုင်း၏ သေဆုံးမှုရာခိုင်နှုန်းနှင ့်တူညီကြောင်းတွေ့ရသည်။

P&G သည် ၂၀၀၄ ခုနှစ်တွင် သန့်စင်သော သောက်သုံးရေ ချို့တဲ့နေသူများအား ထောက်ပံ့ပေးရန် အမေရိကန် Disease Control and Prevention Center နှင့် P&G ၏သိပ္ပံပညာရှင်များ တွဲဖက်ပြီး Cleaning Technology Research ကိုအသုံးပြုကာ P&G ရေသန့်စင်ဆေး အထုပ်ငယ်များကို တီထွင် ထုတ်လုပ်ခဲ့သည်။

ရေတစ်ပုံး၊ ဇွန်းတစ်ချောင်း၊ အဝတ်စတစ်ခုနှင့် P&G ရေသန့်ဆေး အထုပ်ငယ်တစ်ထုပ်ဖြင့် ၁၀ လီတာပမာဏရှိ ညစ်ညမ်းသော အသက်အန္တရာယ်ရှိသော ရေကို မိနစ်သုံးဆယ်အတွင်း မိသားစု (၅) ယောက် တစ်နေ့တာအတွက် လုံလောက်သော သုံးရေထောက်ပံ့ပေးနိုင်သည့် ရိုးရှင်းလွယ်ကူသော နည်းပညာဖြစ်သည်။

မြန်မာနိုင်ငံတွင် P&G သည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးမှစတင်ပြီး မဟာမိတ်များနှင့်အတူ ဒုက္ခသည်များအား ရေလီတာပေါင်းသန်း (၃၀)ကျော်၊ ၂၀၁၁ ခုနှစ်တွင် World Vision နှင့်အတူပူးပေါင်းခဲ့ပြီး Chelsea Clinton မှ သန့်စင်သောရေ (၆) ဘီလီယံလီတာကို CSDW အစီအစဉ်တွင် လှူဒါန်းခဲ့သည်။

၂၀၁၄ ခုနှစ်တွင် “ရေအကျိုးဆယ်ပါး အစီအစဉ်” ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထိုအစီအစဉ်မှ P&Gသည် (၂၀၁၇) တွင် World Vision Myanmar မှတဆင့် မိခင်နှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အတွက် သင်တန်းများ နှင့်အတူ သန့်စင်သော သောက်ရေကိုရက်ပေါင်း ( ရ၅၀,၀၀၀) အတွက် လှူဒါန်းရန် ရည်ရွယ်ခဲ့သည်။ သန့်စင်သော သောက်သုံးရေကို လိုအပ်သည့် နေရာများတွင် တစိတ်တပိုင်းအနေဖြင့် ကိုယ်တိုင် ပါ၀င်လှူဒါန်း နိုင်ရန်အတွက် www.csdw.orgတွင် သွားရောက် ဖတ်ရှုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required