ပန်းချီဝါသနာပါသူတိုင်း အခမဲ့သင်ယူနိုင်မည့် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း ဖွင့်လှစ်

ပန်းချီဝါသနာပါသူတိုင်း အခမဲ့သင်ယူနိုင်မည့် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း ဖွင့်လှစ်

နေပြည်တော်၊ မတ်-၂၂ ။           ။ နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့တွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) ပညာဒါန သင်တန်းကို အထက်တန်းကျောင်း အထက(၁) ကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ပန်းချီ၊ ပန်းပု အစည်းရုံးဥက္ကဋ္ဌ ဦးဇော်လွင်မြင့်ထံမှ သိရသည်။

အဆိုပါသင်တန်းအား မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသားများသာမက ပန်းချီပညာကို စိတ်ပါ၀င်စားသော ပြင်ပမှ လူများပါ တက်ရောက်သင်ယူနိုင်ကြောင်း သိရသည်။

ဂရု ၄ ခုခွဲကာ သင်ကြားမည်ဖြစ်ပြီး A တွင် အသက် ၁၀ နှစ်အထိ ကလေးများ၊B နှင့် C တွင် ၃ တန်းမှ ၈ တန်း၊ D တွင် ၁၀ တန်းအောင်နှင့် ဘွဲ့ရပြီးသောလူများအထိ ပါဝင်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ A,B,C,D ဂရုလေးခု ခွဲထားပါတယ်၊ A က ကျွန်တော်တို့ ၁၀နှစ်အထိ ကလေးတွေပေါ့၊  ဘွဲ့ရနဲ့ ၁၀တန်းကလေးတွေကတော့ D ဂရုမှာ ကျွန်တော်တို့သွားပါမယ်။ Bနဲ့C ကတော့ သုံးတန်း  ကနေပြီးတော့ ကျွန်တော်တို့ ရှစ်တန်း လောက်ထိဖြစ်မယ်” ဦးဇော်လွင်မြင့်က ပြောသည်။

အဆိုပါသင်တန်းအား အပတ်စဉ် အဂါင်္၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ နေ့များတွင်  သင်တန်းဆရာ ၁၅ ယောက်နှင့်အတူ ညနေ  ၄ နာရီမှ ၅ နာရီခွဲအထိ သင်ကြားပေးမည်ဖြစ်သည်။

ပန်းချီစိတ်ပါ၀င်စားသူများအနေဖြင့် ပျဉ်းမနားမြို့၊ အထက(၁)ကျောင်းရှိ အရှေ့ဘက်၊ ကျောင်းဆောင်အသစ်ရှေ့တွင်  မတ်လ ၂၂ ရက်၊ နေ့လည် ၂ နာရီ မှ စပြီး စာရင်းပေးသွင်းနိုင်သည်။

အဆိုပါ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) ပညာဒါနသင်တန်းကို မြို့နယ်ပန်းချီပန်းပု အစည်းအရုံးနှင့် ပညာရေးဌာနမှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ကျောင်းသင်ပညားရေးနှင့် ဆက်စပ်နေသည့် ပန်းချီအနုပညာကို ကလေးတွေ အမှန်တကယ်တတ်ကျွမ်းလိုသည့် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကျောင်းသင်ပညာရေး နဲ့ ဆက်စပ်နေတဲ့ ပန်းချီအနုပညာကို ကလေးတွေ အမှန်တကယ်တတ် ကျွမ်း အောင်လို့ပါ” ဟု ဦးဇော်လွင်မြင့်က ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly