သံလွင်၊ ချင်းတွင်း မြစ်ရေများ ဒေသအသီးသီးတွင် စိုးရိမ်ရေ မှတ်ထက်ကျော်လွန်

သံလွင်၊ ချင်းတွင်း မြစ်ရေများ ဒေသအသီးသီးတွင် စိုးရိမ်ရေ မှတ်ထက်ကျော်လွန်

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂၈ရက် မြန်မာစံတော်ချိန် (၁၆း၀၀) နာရီအချိန် မြစ်ရေကြီးမှု ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် (၁၄း၃၀) နာရီမှစ၍ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် အထက် ၇ စင်တီမီတာ (၃လက်မခန့်) ကျော်လွန်နေပြီ ဖြစ်သည်။

အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ် ခန့်စီ၊ ဧရာဝတီမြစ်ရေ သည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့တွင် (၁)ကြိမ်ခန့်နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

Ref: မိုးဇလ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required