စွန့်ဦးတည်ထွင်လိုသူတို့အတွက် Inspire Me Festival ကျင်းပမည်

စွန့်ဦးတည်ထွင်လိုသူတို့အတွက် Inspire Me Festival ကျင်းပမည်

ကမ္ဘာပေါ်ရှိ စူးစမ်းတတ်သော၊ ဉာဏ်ရည်မြင့်သော၊ အတွေးအခေါ်ကောင်းသော၊ စွန့်ဦးတီထွင်လိုစိတ် ရှိသူများအားအတွက် Inspire Me festival ပွဲတော်ကို မတ်လ ၂၇ရက်မှ ၃၁ရက်အထိ ကျင်းပပြုလုပ်မည်ဟု သိရသည်။

ပွဲတော်တွင် အပိုင်း ၂ပိုင်းခွဲထားပြီး ပွဲပထမပိုင်းကို မတ်လ ၂၇ရက်မှ ၂၈ရက်အထိ မြန်မာပလာဇာတွင် ကျင်းပမည်ပြီး ဗြိတိန်၏ ယဉ်ကျေးမှု၊ အစားအသောက်နှင့် ပညာရေးများအပြင် အခြားဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ပထမပိုင်းတွင်သာ အများပြည်သူပါဝင်နိုင်မည်ဟုလည်း သိရသည်။

“အများပြည်သူအတွက်ကိုတော့ မြန်မာပလာဇာမှာ စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ အစီအစဉ်တွေပါဝင်တဲ့ ဗြိတိသျှယဉ်ကျေးမှု၊ အစားအသောက်နဲ့ ပညာရေးတို့ရဲ့ အကောင်းဆုံးအပိုင်းတွေကို ထုတ်ဖော်ပြသပေးသွားမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူး ပက်ထရစ်က Inspire Me Festival ဖေ့စ်ဘွတ်ခ် event တွင် ပြောထားသည်။

ဒုတိယပိုင်းကို မတ်လ ၂၉ရက်မှ ၃၁ရက်အထိ သတ်မှတ်ထားပြီး  မေလီယာဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဒုတိယပိုင်းတွင်မူ ပညာရေးနှင့်ဆိုင်သော ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ပွဲတော်သည် ပညာရေးကဏ္ဍကို ပထမဦးစားပေး ဆောင်ရွက်ထားမည်ဖြစ်ပြီး ယဉ်ကျေးမှု ကဏ္ဍ နှင့် အစားအသောက် ကဏ္ဍများကို ဒုတိယဦးစားပေး ဆောင်ရွက်သွာမည်ဟု ဆိုသည်။

Inspire Me festival များကို ဗြိတိသျှသံရုံးမှ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly