ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟက်ဇက် ၁၅ ရက်ခန့် အနားယူရမည်

ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟက်ဇက် ၁၅ ရက်ခန့် အနားယူရမည်

မတ် ၂၁၊ အင်္ဂလန် ။           ။ ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟက်ဇက်သည် လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သော ခြေသလုံးဒဏ်ရာကြောင့် ၁၀ ရက်မှ ၁၅ ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

ထိုဒဏ်ရာကြောင့် ဟက်ဇက်သည် ချယ်လ်ဆီးအသင်းက စတုခ်စီးတီးအသင်းကို ၁-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲကို လွဲချော်ခဲ့ရသလို ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်ခြေစမ်းပွဲကစားမည့် ဘယ်လ်ဂျီယံအသင်းလူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရသည်။

ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်က ဟက်ဇက်မှာ ၁၅ ရက်ခန့်အနားယူရမည်ဖြစ်သောကြောင့် လာမည့် ၁၂ ရက်အတွင်း ယှဉ်ပြိုင်ရမည့် ချယ်လ်ဆီးနှင့်ခရစ္စတယ်ပဲလေ့စ်တို့၏ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း ဆိုခဲ့သည်။

‘ခြေသလုံးဒဏ်ရာကြောင့် စတုခ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဟက်ဇက်မပါနိုင်ခဲ့ပါဘူး။ သူ့ဒဏ်ရာက အဆိုးကြီးမဟုတ်ပေမယ့် ဂရိနဲ့ကစားမယ့် ဘယ်လ်ဂျီယံနဲ့ပွဲကိုလည်း သူလွဲချော်ဦးမှာပါ။ ဘယ်လ်ဂျီယံအသင်းကို ဟက်ဇက် ဦးမဆောင်နိုင်တာက သူ့အတွက် စိတ်ပျက်စရာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်လည်း ကောင်းမွန်တဲ့စမ်းသပ်မှု ဖြစ်ပါတယ်။ ဟက်ဇက်နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတော့ရှိပါတယ်’ ဟု ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ စတုခ်နှင့်ပွဲတွင် ဟက်ဇက်မပါ၀င်နိုင်ခဲ့သော်လည်း အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။ လက်ရှိတွင် ချယ်လ်ဆီးသည် ဒုတိယနေရာမှ စပါးကို ၁၀ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ၁၂ မှတ်ဖြတ်ထားပြီး ၁၀ ပွဲကစားရန် ကျန်ရှိနေသေးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required