ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ဧပြီလ ၂၃ ရက် ကစားမည်

ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ဧပြီလ ၂၃ ရက် ကစားမည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ကို ဧပြီလ ၂၃ ရက် (တနင်္ဂနွေနေ့) ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ လာလီဂါဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

လာလီဂါပွဲစဉ် ၃၃ အဖြစ် ဧပြီလ ၂၁ ရက် သောကြာနေ့မှာ ဆီဗီလာနှင့် ဂရန်နာဒါတို့ စတင်ကစားမှာဖြစ်ပြီး ဧပြီလ ၂၄ ရက် တနင်္လာနေ့မှာ အီဘာနှင့် ဘီလ်ဘာအိုတို့က အဆိုပါပွဲစဉ် ၃၃ ကို ပိတ်သိမ်းမှာဖြစ်ပါတယ်။

လာလီဂါ ပွဲစဉ် ၃၃
ဧပြီ ၂၁ သောကြာနေ့
ဆီဗီလာ-ဂရန်နာဒါ

ဧပြီ ၂၂ စနေနေ့
မာလာဂါ-ဗလင်စီယာ
ဗီလာရီယဲလ်-လီဟာနက်စ်
အိုဆာဆူနာ-စပို့တင်းဂီဂျွန်
အက်စ်ပန်ညို-အက်သလက်တီကို

ဧပြီ ၂၃ တနင်္ဂနွေနေ့
ဆိုစီဒက်-ဒီပို့တီဗို
ဆဲလ်တာဗီဂို-ဘက်တစ်
လက်စ်ပါမားစ်-အလာဗတ်စ်
ရီးယဲလ်မက်ဒရစ်-ဘာစီလိုနာ

ဧပြီ ၂၄ တနင်္လာနေ့
အီဘာ-ဘီလ်ဘာအို

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required