လယ်​​မြေ ယုံကြည်​စွာအပ်​နှံခြင်​းအ​ပေါ် အလွဲသုံးစားလုပ်​မှု တိုင်ကြားထားရာ ၆ လ ကျော်အထိ မဖြေရှင်းနိုင်သေး

လယ်​​မြေ ယုံကြည်​စွာအပ်​နှံခြင်​းအ​ပေါ် အလွဲသုံးစားလုပ်​မှု တိုင်ကြားထားရာ ၆ လ ကျော်အထိ မဖြေရှင်းနိုင်သေး

​ကောလင်​း၊ မတ်​လ ၂၀ ။           ။ ကောလင်​းမြို့နယ်​​ ​ကျောက်​တန်​းကျးရွာအုပ်​စု ​ပေကုန်​း​ကျေးရွာသမဝါယမအသင်​းမှ ဓားမဦးချလုပ်​ကိုင်​ခ​​ဲ့သော ​မြေနှင့် ပတ်သက်ပြီး လယ်​​မြေအား ယုံကြည်​စွာ နှုတ်​ကတိဖြင်​့ အပ်​နှံထားခြင်​းအ​ပေါ် အလွဲသုံးစားပြုလုပ်​မှုအပေါ် တိုင်ကြားရာ ၆လတာကြာမြင့်​ခဲ့​သော်​လည်​း​ ဖြေရှင်​းခြင်​းမရှိ​သေး​ကြောင်း ဦးလှထွန်​းမှ​ မဇ္ဈိမသို့​ ပြောသည်​။

၎င်းမိဘများ ဓားမဦးချပိုင်ဆိုင်သော လယ်ယာမြေအား လက်ရှိ သီးစားချလုပ်ကိုင်နေသူများက ပုံစံ ရ လျှောက်ထားခဲ့ခြင်းကြောင့် လယ်​ယာ​မြေနှင့် အခြား​မြေများသိမ်​းဆည်​းခံရမှုများ ပြန်​လည်​စိစစ်​​ရေးဗဟို​ကော်​မတီ ဥက္ကဋ္ဌ ထံသို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်​လ ၁၁ရက်​၌ တ်ိုင်​ကြား​ခဲ့ခြင်း ဖြစ်သည်။

ပြည်​​ထောင်​စုသမ္မတမြန်​မာနိုင်​ငံ​တော်​အမျိုးသားလွတ်​​တော်​မ ှပြည်​သူတို့၏တိုင်​ကြားစာဆိုင်​ရာ​ကော်​မတီမှ ပြီးခဲ့သည့်နှစ်  ​စက်​တင်​ဘာလ ၆ ရက်​​နေ့တွင်​ လယ်​​မြေအမှုတွဲ လွှဲ​ပြောင်​း​ပေးပို့ခြင်​းကိစ္စ လိုသလို​ဆောင်​ရွက်​​ပေးပါရန် ​အ​ကြောင်​းကြားလာပါသည်​ ဟု ဦးလှထွန်းက ဆိုသည်။ သို့သော်လည်း ယနေ့အထိ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။

ဖြစ်စဉ်မှာ လယ်ယာမြေ ၁၁.၇၉ ဧက အား အဖ ဦးဖိုးရှား( ကွယ်​လွန်​) ၊ အမိ​ဒေါ်ဝင်​းတင်​ (ကွယ်​လွန်​)တို့မှ ပိုင်ဆိုင်ခဲ့ပြီး မိဘ ၂ ပါးမှာ သားဖြစ်သူ မောင်လှထွန်း ငယ်ရွယ်စဉ်မှာ ကွယ်လွန်ခဲ့ကာ တစ်ဦးတည်​း​သောသားဖြစ်​သူ​မောင်​လှထွန်​း (၅/ကလတ(နိုင်​)၀၃၀၄၉၇) မှာ အသက်​ ၈ နှစ်​သားဖြစ်​​နေ​ခြင်​း​ကြောင်​​့ ပေကုန်​း​ကျေးရွာလယ်​ယာ​မြေ​ကော်​မတီထံသို့ နှုတ်​ကတိဖြင်​့ လွှဲအပ်​ခဲ့သည်​။

အပ်​နှံစဉ်​​ မြေယာ​ကော်​မတီ ၅ ဦးရှိပြီး ဦးတင်​​အောင်​ကြီး၊ ဦးမိူင်​း၊ ဦး​ပေါက်​စ၊ ဦး​ကျော်​​သောင်​း ၊ ဦးဘ​မော်​တို့ ဖြစ်​ကြပြီး ​ပေကုန်​​းမြေယာ​ကော်​မတီသ်ို့ နှုတ်​ကတိဖြင်​့ လွှဲအပ်​ခဲ့ခြင်း ဖြစ်သည်​ ။

ထို့ကြောင့် ပေကုန်​း​မြေယာ​ကော်​မတီမှ​ ပေကုန်​း​ကျေးရွာရှိ ၆ ဦးတို့အား သီးစားချလုပ်​ကိုင်​​စေခဲ့ပြီး  ၁၉၈၉ခုနှစ် မောင်​လှထွန်​း ၁၆ နှစ် ပြည်​​့မြောက်​ချိန်​တွင်​ အမိအဖအပ်​ထား​သောလယ်​​မြေအား ​မြေယာ​ကော်​မတီမှှပြန်​လည်​လွှဲအပ်​​သော်​ခဲ့​သော်​လည်​း လယ်​သီးစားချသူများက ဆက်​လက်​ လုပ်​ကိုင်​​နေခြင်​း တို့ကြောင့် လယ်​ဝယ်​မ​ရောက်​ရှိဘဲ လယ်​လုပ်​ပိုင်​မရရှိခဲ့ဟု သိရသည်။ ၁၉၉၂​ မြေယာ​ကော်​မတီမှစစ်​​ဆေးအတည်​ပြုချက်​ဖြင်​့ ဒုတိယအကြိမ်​မှသာ လုပ်​ကိုင်​ခွင်​ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် သီးစားချ လုပ်​ကိုင်​​နေသူများက ကောလင်​းမြို့နယ်​သမဝါယမနှင့် ပူး​ပေါင်​း၍ သမဝါယမလယ်​​မြေအဖြစ်​​ ပြောင်​းလဲသတ်​မှတ်​ပြီး ပုံစ ံရ​ လျှောက်​ထားခဲ့ ကာ မူလပိုင်ရှင် ဦးလှထွန်းမှ ကန့်ကွက်ခဲ့သော်လည်း မအောငြ်မင်ခဲ့ဟု သိရသည်။

ထို့ကြောင့်တိုင်ကြားခဲ့သော်လည်း ယခု ၆ လတာကြာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးဟု ဦးလှထွန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly