ပခုက္ကူတွင် သံဃာတော်များအား အသည်းရောဂါ စီပိုး အခမဲ့ ဆေးစစ်ပေး

ပခုက္ကူတွင် သံဃာတော်များအား အသည်းရောဂါ စီပိုး အခမဲ့ ဆေးစစ်ပေး

ပခုက္ကူ ၊ မတ် ၂၀ ။              ။ မန္တလေး အသည်းဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ အစာအိမ် အူလမ်းကြောင်းနှင့်အသည်းရောဂါ အဖွဲ့တို့မှ ပခုက္ကူမြို့အတွင်းရှိ သံဃာတော် များနှင့် ရှင်သာမဏေမျာအား အသည်းရောဂါ စီပိုး အခမဲ့စစ်ဆေးခြင်းများအား မတ်လ ၁၉ရက်နေ့က လိုက်လံစစ်ဆေးပေးခဲ့သည်။

"မြန်မာပြည်မှာ ပြည်သူလူထု တချို့တလေက မိမိကိုယ်ကိုယ် စီပိုးရှိတယ်ဆိုတာ သိနိုင်ပေမယ့် သံဃာတွေထဲမှာ သိတာ နည်းတယ်လို့ထင်တယ်။ ပခုက္ကူမှာဆိုရင် စာသင်သံဃာတွေများပြီး ကျန်းမာရေး ဗဟုသုတ နည်းတယ်။ ဒါကြောင့် ပခုက္ကူမှာ စီပိုးကို လာပြီး စစ်ဆေးပေးဖြစ်တာပါ"ဟု မန္တလေး အသည်းဖောင်ဒေရှင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ညိုမီခိုင်သန်းလှိုင်က ဆိုသည်။

ကမ္ဘာပေါ်တွင် မိမိတွင် အသည်းရောင်ပိုးရှိသည်ကို မသိသည့် အရေအတွက်သည် လွန်စွာ နည်းပါပြီး ကိုးဆယ်ရာခိုင်နှုန်းကျော် အထိရှိသည်ဟု မန္တလေးအသဲဖောင်ဒေးရှင်း ထံမှ သိရပြီး ပခုက္ကူမြို့တွင်
အသည်းရောဂါ စီပိုးနှင့်တ်သက်ပြီး သံဃာတော် ၆၀၀ နီးပါးအား စစ်ဆေးပေးနိုင်ခဲ့သည်ဟု သိရသည်။

"အသည်းရောဂါ စီပိုးတွေခဲ့လို့ စောစောစီးစီး ကုပေးလိုက်နိုင်မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အသည်းရောင်တာ အသည်းခြောက်တာတွေနဲ့ အသည်းကင်ဆာဖြစ်တာ အသည်းပျက်ဆီးတာတွေကို တားနိုင်မယ်။အဲ့ဒီအတွက်ရည်ရွယ်ခဲ့တာပါ"ဟု ပါမောက္ခ ဒေါက်တာ ဒေါ်ညိုမီခိုင်သန်းလှိုင်က ပြောသည်။

အသည်းရောဂါပိုး စစ်ဆေး၍ တွေ့ရှိသည့်သံဃာတော်များအား ပျောက်ကင်းသည်အထိ အခမဲ့ ကုသပေးသွားမည်ဟု မန္တလေး အသည်းဖောင်ဒေရှင်း မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly