ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ချယ်လ်ဆီးအသင်း ထိုက်တန်သည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ချယ်လ်ဆီးအသင်း ထိုက်တန်သည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ပြော

မတ် ၂၀၊ အင်္ဂလန် ။            ။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်ထိုက်တန်ကြောင်းနှင့် ယခုနှစ်တွင် ချယ်လ်ဆီးတစ်သင်းသာ အကောင်းဆုံးကစားနိုင်သည့်အသင်းဖြစ်ကြောင်း ချီးကျူးခဲ့သည်။

လီဗာပူးလ်အသင်းနှင့် မန်စီးတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းမှာ ဒုတိယနေရာမှ စပါးကို ၁၀ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ရမှတ် ၁၂ မှတ်ဖြတ်ထားနိုင်သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ သာ ကစားရန် ကျန်ရှိတော့သည့်အတွက် ချန်ပီယံဖြစ်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

‘ဒီနှစ်ပရီးမီးယားလိဂ်မှာ ခြေစွမ်းအမှန်ဆုံးနဲ့ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ အသင်းက တစ်သင်းပဲ ရှိပါတယ်။ ချန်ပီယံဆုနဲ့သူတို့ ထိုက်တန်ပါတယ်။ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာလည်း သေချာသွားခဲ့ပါပြီ။

ကျန်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် ကျွန်တော်တို့ ပြိုင်ပွဲဝင်နေရတာက ကောင်းပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် တကယ်ကို စိတ်ပျက်စရာဖြစ်လာမှာပါ။ ကြိုးစားမှုကို ဘယ်တော့မှ ရပ်မှာမဟုတ်ပါဘူး။ ဒီစီမံကိန်းအတွက် ယုံကြည်မှုရှိပါတယ်’ ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။ လီဗာပူးလ်အသင်းမှာ လက်ရှိတွင် ရမှတ် ၅၆ မှတ်ရရှိထားပြီး အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required