မြန်မာနိုင်ငံ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်များအား ပြသမည်

မြန်မာနိုင်ငံ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်များအား ပြသမည်
ဓာတ်ပုံ- Climate & Environment International Film Festival in Myanmar

ရန်ကုန်၊ မတ်လ ၁၈ ။             ။ မြန်မာနိုင်ငံရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်များပါ၀င်သော ပထမဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာရုပ်ရှင်ပွဲတော်ကို လာမယ့် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ၀ဇီရာရုပ်ရှင်ရုံတွင် ကျင်းပမည်ဖြစ်သည်။

ယင်းရုပ်ရှင်ပွဲတော်၌ မီးများစွဲလောင်နေသော အိုမင်းနေသည့်ကောင်လေး၊ ဒုက္ခရောက်နေသောရေ၊ အစုလိုက်အပြံုလိုက် ပြောင်းရွေ့ကြခြင်း၊ ဇာတ်ကားများ ပါ၀င်သည့်အရှေ့တောင်အာရှ ရုပ်ရှင်ပြိုင်ပွဲ နှင့် မြန်မာရုပ်ရှင်ပြိုင်ပွဲကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကာ ၀င်ကြေးအခမဲ့ဖြစ်သည်။

ဖိလစ်ပိုင်၊ အိန္ဒိယ၊ အမေရိကန် ရုပ်ရှင်ကားများ ပါ၀င်ပြီး သစ်တော၏ အမျိုးသမီးများ၊ ရေမကြီးခင် ၊ ရွာသားများ၏ ရှုထောင့်မှမြစ် စားနပ်ရိက္ခာစနစ် အစရှိသော ရုပ်ရှင်များ ပါဝင်သည်။ မြန်မာရုပ်ရှင်များ ဖြစ်သော ကချင်ပြည်နယ်မှ ရွှေတွင်းများ၊ သစ်ပင်တစ်ပင်ထက် ပိုသော၊ နာဂစ်၊အသက်ရှူမှု့များ ရပ်တန့်သွားသောအခါ အစရှိသော ရုပ်ရှင်များ ပါဝင်မည် ဖြစ်သည်။

မတ်လ ၂၃နေ့၊ ညနေ ၆ နာရီတွင် ဖွင့်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲ၌ Tomorrow – Travel the World of Solution ရုပ်ရှင်ပြသမည်ဖြစ်ပြီး  ဧည့်သည် Elango Rangasamy (အိန္ဒိယ) ရုပ်ရှင်၏ဇာတ်လိုက် မှာဖွင့်ပွဲကို တက်ရောက်မည်ဖြစ်သည်။

Tomorrow – Travel the World of Solution ရုပ်ရှင်မှာ အဖြေရှာခြင်းများ၊ ပုံ ပြန်ပြောခြင်း တို့မှာ နိုင်ငံတစ်နိုင်ငံ ကြံု တွေ့နေရသော စီးပွားရေး နှင့်လူမှုရေး ပြသနာ အဖြေရှာခြင်းအတွက် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်နိုင်သည်။ Cyril Dion နှင့် Mélanie Laurent တို့မှာ သဘာဝဂျာနယ် မှ ကြေညာချက်တစ်ခုဖြစ်သော ၂၁ ရာစုမတိုင်မီ လူသားမျိုးနွယ်များ မျိုးသုန်းနိုင်မည့်အန္တရာယ်ကို သိလိုသည့်အတွက်ကြောင့် အဖွဲ့ဝင် ၄ ဦးတို့နှင့်အတူ ၁၀ နိုင်ငံတွင် လှည့်လည်စုံစမ်း အဖြေရှာခဲ့ကြသည်။ သူတို့ခရီးစဉ်တွင် စိုက်ပျိုးရေး၊ စွမ်းအင် ၊ စီးပွားရေး၊ ဒီမိုကရေစီရေးရာနှင့် ပညာရေးတို့တွင် ဦးဆောင်သူများနှင့် တွေ့ဆုံခဲ့ပြီး၊ ယခုလိုအရေးပါသော လှုပ်ရှားမှုများတွင် ပါ၀င်ပတ်သက်ပြီး မနက်ဖြန်ကမ္ဘာကြီး မည်သို့ မည်ပုံဖြစ်နိုင်မည်ကို မေးခွန်းထုတ်ခဲ့ကြသည်။

မတ်လ ၂၄ရက်နေ့တွင် အရှေ့တောင်အာရှ ရုပ်ရှင်ပြိုင်ပွဲဝင်ဇာတ်ကားများကို နေ့လည် ၂နာရီခွဲမှ ည ၈နာရီအထိ ၊ မတ်လ ၂၅နေ့တွင် Tomorrow – Travel the World of Solution ရုပ်ရှင်အား နံနက် ၁၀နာရီတွင် အဖွင့် ပြသမည်ဖြစ်ပြီး  မြန်မာရုပ်ရှင်ပြိုင်ပွဲဝင်ဇာတ်ကားများအား နေ့လည် ၂ နာရီခွဲမှ ည ၈ နာရီအထိ ပြသမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၆ရက်နေ့တွင် နံနက် ၁၀နာရီမှ ရုပ်ရှင်များကို ပြသမည်ဖြစ်ပြီး ညနေ ၄နာရီတွင် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲခြင်းကို ကမ္ဘာလုံးဆိုင်ရာ အမြင်ဖြင့် ဆွေးနွေးခြင်း အစီအစဉ်အား ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုလည်း ထိုနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly