ပဥ္စမအကြိမ်မြောက် အမျိုးသားသတင်းဆုပေးပွဲ ပြုလုပ်မည်

ပဥ္စမအကြိမ်မြောက် အမျိုးသားသတင်းဆုပေးပွဲ ပြုလုပ်မည်

ရန်ကုန်၊ မတ်လ ၁၈ ။            ။ ပဥ္စမအကြိမ်မြောက် အမျိုးသား သတင်းဆုပေးပွဲကို ၂၀၁၇ မေလ ၃ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ သိရသည်။

အမျိုးသားသတင်းဆုချီးမြင့်ရာတွင် သတင်းသူရဲကောင်းဆု (Hero of Journalist)၊ အကောင်းဆုံး သတင်းဆု ( The Best News Story Award)၊ အကောင်းဆုံး သတင်းဆောင်းပါးဆု ( The Best Feature4 Award)၊ အကောင်းဆုံး သတင်း ဓာတ်ပံkဆု ( The Best News Photo Award)၊  အကောင်းဆုံး သတင်းကာတွန်းဆု ( The Best Newspaper Cartoon Award) နှင့် အကောင်းဆုံး ရုပ်/ သံ သတင်းဆု ( The Best TV News Story Award) ဟူ၍ ဆု (၆) ဆုပါဝင်မည်ဖြစ်သည်။

သတင်းဆုပေးပွဲတွင်ပါဝင်လိုသူများအနေနှင့် ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ရက်မှ ၂၀၁၇ မတ် ၃၁ရက်အတွင်း မီဒီယာတစ်မျိုးမျိုးတွင် ဖော်ပြခဲ့သည့်  မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်း၊ ဆောင်းပါး၊ ရုပ်သံသတင်း၊ သတင်းဓာတ်ပုံ နှင့် ကာတွန်း တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ပုံနှိပ်သတင်းများကို မိတ္တူဖြင့်လည်းကောင်း၊ ရုပ်သံမီဒီယာများအနေဖြင့် အွန်လိုင်းတွင်ဖော်ပြခဲ့သည့် ဝက်ဘ်ဆိုက် Link များကို ဖော်ပြ၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်းထံသို့ ပေးပို့နိုင်သည်။ သတင်းဌာနများမှလည်း မိမိတို့တိုက်မှ ထုတ်ဝေ/ထုတ်လွှင့်သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း ၃ပုဒ်ကို ပေးပို့နိုင်သည်။

အကြောင်းအရာများကို ဧပြီလ (၇)ရက်နေ့ နောက်ဆုံး ထားပေးပို့ရမည်ဖြစ်ပြီး ဧပြီလကုန်တွင် အပြီးသတ်ရွေးချယ်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယှဉ်ပြိုင်လိုပါက  [email protected]  သို့ email ဖြင့် (သို့မဟုတ်)  173/ 175 ပန်းဆိုးတန်းလမ်း( အလယ်)၊ ကျောက်တံတားမြို့နယ် ရန်ကုန်ရှိ MJA ရုံးခန်းသို့  ပေးပို့ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required