ကစားသမားများကို ထိန်းသိမ်းမှုအားနည်းသည့် မန်ယူကို အက်ဖ်အေက ဒဏ်ငွေ ပေါင်နှစ်သောင်း ပြစ်ဒဏ်ချ

ကစားသမားများကို ထိန်းသိမ်းမှုအားနည်းသည့် မန်ယူကို အက်ဖ်အေက ဒဏ်ငွေ ပေါင်နှစ်သောင်း ပြစ်ဒဏ်ချ

မတ် ၁၈၊ အင်္ဂလန် ။           ။ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ရသည့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ကစားသမားများကို ထိန်းသိမ်းမှု ညံ့ဖျင်းသည့်အတွက် အက်ဖ်အေက မန်ယူအသင်းကို ဒဏ်ငွေ ပေါင်နှစ်သောင်း ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် ပွဲချိန် ၃၅ မိနစ်၌ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက မန်ယူကွင်းလယ်လူ ဟာရဲရားကို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ရာ၌ မန်ယူကစားသမားများက ၀ိုင်းဝန်းစောဒကတက်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

ဟာရဲရားမှာ ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟက်ဇက်ကို နှစ်ကြိမ်ပြစ်ဒဏ်ကျူးလွန်ပြီး အနီကတ်ပြသခံလိုက်ရခြင်း ဖြစ်သည်။ ဒုတိယအဝါကတ်ပြသခံရသည့် ပြစ်ဒဏ်မှာ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ပြင်းထန်သည့်အတွက် မန်ယူကစားသမားများက ၀ိုင်းဝန်း စောဒကတက် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက ကွင်းလယ်ကစားသမား ကန်တီ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မန်ယူကို အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

ထိုပွဲအပြီးတွင် မော်ရင်ဟိုက ကစားသမားများ၏စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်း၊ ဒိုင်လူကြီးကို ဝေဖန်မှု မပြုလုပ်လိုကြောင်းနှင့် ဒိုင်လူကြီး မိုက်ကယ်အိုလီဗာအနေဖြင့် အိမ်သို့ ပြန်ရောက်ချိန်တွင် သူ့အလုပ်ကိုသူ ပြန်လည် ဝေဖန်စမ်းစစ်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required