ဇူလိုင် ၂၇ ။ ။ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်တွင် KIA BONGO အမျိုးအစား ကွန်တိန်နာဘောက်အဖြူရောင် မော်တော်ယာဉ်ကို တွေ့ရှိရှာဖွေရာမှ စိတ်ကြွဆေးပြား ၂၆၇ သိန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၃၅ဝဝဝ (၁၃၃ ဒသမ ၅ ဘီလီယံ) ကို 'ပိုင်ရှင်မဲ့' သိမ်းဆည်းရမိ သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြသည်။
ဇူလိုင် ၂၆ ရက်၌ မင်္ဂလာဒုံမြို့မရဲစခန်းမှ လှည့်ကင်း အဖွဲ့က သိမ်းဆည်းမိခြင်းဖြစ်သည်။