၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက ၎င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်များ ကိုပြောပြ

၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက ၎င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်များ ကိုပြောပြ
ကိုဂျင်မီ (ဓာတ်ပုံ Hong Sar)

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို နိုင်ငံရေးပါတီများက နောက်ဆုံးထား တင်သွင်းရမည့်ရက်ဖြစ်သည့် သြဂုတ်လ ၈ ရက်နေ့ မှာ တဖြည်းဖြည်း နီးကပ်လာလျက်ရှိနေစဉ်တွင် ဦးကိုကိုကြီး နှင့် ကျောင်းသားခေါင်းဆောင်ဟောင်း ၂၀ ခန့်သည် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင် ကြရန် ဆုံးဖြတ်ထားကြောင်း ၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက Mizzima Weekly နှင့်  အင်တာဗျူးတွင် ပြောခဲ့သည်။

ဦးကိုကိုကြီးမှာ အထင်ရှားဆုံး ၈၈ မျိုးဆက် တက်ကြွလှှုပ်ရှားသူများထဲမှ တစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ် မှ ၂၀၁၂ ခုနှစ် အတွင်းတွင် စုစုပေါင်း ၁၇ နှစ် ကျော် ထောင်ထဲတွင် အချိန်ကုန်ဆုံးခဲ့ရပြီး၊ သူ့အား “ယုံကြည်ချက် အကျဉ်းသား” တစ်ဦး အဖြစ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က သတ်မှတ်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် NLD နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက မေလက ကြေညာခဲ့သည်။ ၈၈မျိုးဆက် အဖွဲ့ နှင့် NLD သည် အလွန်နီးစပ်သော မိတ်ဆွေများအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လျက်ရှိသောကြောင့် ၈၈မျိုးဆက်မှ အဖွဲ့ဝင်များသည် NLD ကိုယ်စားလှယ်လောင်း အားလုံးအတွက် စည်းရုံးမဲဆွယ်ပေးမည် ဖြစ်ကြောင်း ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု က ပြောခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှှုပ်ရှားမှှုထဲတွင် ပါဝင်ခဲ့ကြသော တက်ကြွလှှုပ်ရှားသူများက ၈၈ မျိုးဆက်အဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ အဖွဲ့ဝင်များ အနေဖြင့် နိုင်ငံရေး တက်ကြွမှှု ရှိကာ NLD နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း ၈၈ မျိုးဆက်အဖွဲ့မှာ လူမှှုအဖွဲ့အစည်းအဖြစ် ဆက်ရှိနေခဲ့သည်။ လွှတ်တော်နိုင်ငံရေးကို “အန်တီ” အောင်ဆန်းစုကြည်က ကောင်းစွာ ကိုင်တွယ်ဆောင်ရွက်နိုင်လျက် ရှိနေချိန်တွင် ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေးကို ပိုမိုလုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ကိုဂျင်မီက ပြောခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈မျိုးဆက်အဖွဲ့သည် ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ယက်တစ်ခုကို စတင်တည်ထောင်ခဲ့သော်လည်း၊ ယခုနှစ် ရွေးကောက်ပွဲတွင်မူ ၈၈ အဖွဲ့သည် NLD နှင့် မဟာမိတ်ပြုလုပ်ထားသည့်အတွက် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အခန်းကဏ္ဍကို တာဝန်ယူတော့မည်မဟုတ်ကြောင်း သူက ပြောခဲ့သည်။

ရွေးကောက်ပွဲ အလွန်ကာလတွင် ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် NLD ကို ဆက်လက်ကူညီရာ၌ “ဒေါ်အောင်ဆန်းစုကြည်အလွန်ကာလ ကိစ္စရပ်များ” မှာ ၈၈ မျိုးဆက်အဖွဲ့အတွက် ဦးစားပေး ကိစ္စဖြစ်လာပေ မည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၀ ပြည့်ပြီ ဖြစ်ကာ ဇွန်လက သူ၏ အသက် ၇၀ပြည့် မွေးနေ့ကို ဆင်နွှဲခဲ့သည်။ “NLD မှာ ဘယ်သူက တာဝန် ဆက်ယူမှာလဲ။ ပြည် သူတွေကို ဘယ်သူက ဦးဆောင်မှာလဲ။ အဲဒါဟာ အလွန် အရေးကြီးပါတယ်” ဟု ကိုဂျင်မီက ပြောခဲ့သည်။

NLD တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာကို ဆက်ခံမည့် ခေါင်းဆောင် တစ်ဦးမှ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ဝေဖန်သူများက ၎င်းတို့၏ စိုးရိမ်မှှုကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ရွေးကောက်ပွဲ တွင် NLD အနိုင်ရပါက ထိုအချက်မှာ ပြဿနာ တစ်ခု ဖြစ်လာနိုင်သည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ၂၀၀၈ အခြေခံဥပဒေအရ တားမြစ်ထား၍ ဖြစ်သည်။

အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်ရေး၊ အထူးသဖြင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးမှာ ၈၈ မျိုးဆက်အဖွဲ့ နှင့် NLD တို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည့် အဓိက လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်လာ လိမ့်မည်ဟုလည်း ကိုဂျင်မီက ပြောခဲ့သည်။

အခြေခံဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှှုန်းကျော်၏ လက်ခံအတည်ပြုမှှုကို လိုအပ်ကြောင်း ထိုပုဒ်မက ဆိုထားပြီး၊ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ၂၅ ရာခိုင်နှှုန်း နေရာယူထားသည်။

ထို့ပြင် ၈၈ မျိုးဆက်အဖွဲ့သည် နိုင်ငံရေး၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ဘာသာရပ်များ သင်ကြားပေးမည့် ကျောင်းတစ်ကျောင်းကိုလည်း တည်ထောင်ရန် စီစဉ်လျက်ရှိသည်။ သို့ရာတွင် အစီအစဉ်များ၏ အဆင့် ကို အတည်မပြုရသေးသလို၊ မည်သည့် ကျောင်းသားအုပ်စုများကို အဓိက ပစ်မှတ်ထားမည်ဖြစ်ကြောင်းကိုလည်း မဆုံးဖြတ်ရသေးဟု ကိုဂျင်မီက ဆိုသည်။

ဒိုင်ယာလော့(ဂ်) ယဉ်ကျေးမှှု မြှင့်တင်ခြင်း ၈၈ မျိုးဆက်အဖွဲ့သည် အပြန်အလှန်ဆွေးနွေးမှှု [ဒိုင်ယာလော့ဂ်] ကို မြှင့်တင်သွား မည်ဖြစ်ကာ အထူးသဖြင့် စစ်ဘက်နှင့်၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သူ အားလုံးတို့အကြား ဒိုင်ယာလော့ဂ်ကို မြှင့်တင်သွားမည်ဟု သူက ဆိုသည်။ နှစ်ပေါင်း ၆၀ ခန့် ကြာသော စစ်အာဏာရှင် အုပ်ချုပ်မှှု ကာလတွင် အာဏာပိုင်များသည် ပြဿနာများ ကို သေနတ်ဖြင့် သာ ဖြေရှင်းခဲ့ကြကြောင်းလည်း သူက ပြောခဲ့သည်။  

 “ဒိုင်ယာလော့ဂ် ယဉ်ကျေးမှှုဆိုတာ ဒီမိုကရေစီ ယဉ်ကျေးမှှုပါ။ တကယ်လို့ ကျွန်တော်တို့ဟာ ဒိုင်ယာလော့ဂ် ယဉ်ကျေးမှှု ကို အပြည့်အဝ တည်ထောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီ ရလာမှာပါ” ဟု သူက ပြောခဲ့သည်။

ရွေးကောက်ပွဲအပြီးတွင် စောင့်ကြည့်ရေး အခန်းကဏ္ဍကို လုပ်ဆောင်နိုင်ရန်အတွက် ၎င်း၏ အဖွဲ့အနေဖြင့် NLD နှင့် ခပ်ခွာခွာ နေမည်လားဟု ကိုဂျင်မီအား မေးမြန်းခဲ့ရာ၊ “ကျွန်တော်တို့ဟာ ပြဿနာတွေကို ဘယ်တော့မှ မကြောက်ပါဘူး။ အရာရာကို ဒိုင်ယာလော့ဂ်နဲ့ ဖြေရှင်းနိုင်ပါတယ်” ဟု သူက ပြောခဲ့သည်။

အသက် ၄၅ နှစ် အရွယ် ကိုဂျင်မီ မှာ သူ့လက်ရှိအသက်၏ ထက်ဝက်နီးပါးကို အကျဉ်းထောင်ထဲတွင် ကုန်လွန်ခဲ့ရသူဖြစ်သည်။ သူသည် ကျောင်းသားများခေါင်းဆောင်သော ၁၉၈၈ လူထုအုံကြွမှှုတွင် ပါဝင်ခဲ့ခြင်းအတွက် ၁၉၈၉ ခုနှစ်တွင် ပထမအကြိမ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက်တွင် သူသည် ၂၀၀၅ ခုနှစ် ၌ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။ သို့ရာတွင် ၂၀၀၇ ခုနှစ်တွင် ထပ်မံ အဖမ်းခံခဲ့ရကာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ၂၀၁၂ ခုနှစ် ၌ သူသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly