ကစားသမားများ ယုံကြည်မှုကင်းမဲ့ခဲ့သောကြောင့် ချန်ပီယံလိဂ်မှထွက်ခဲ့ရခြင်းဟု ဂွါဒီယိုလာ ပြစ်တင်

ကစားသမားများ ယုံကြည်မှုကင်းမဲ့ခဲ့သောကြောင့် ချန်ပီယံလိဂ်မှထွက်ခဲ့ရခြင်းဟု ဂွါဒီယိုလာ ပြစ်တင်

မတ် ၁၆၊ မိုနာကို ။                         ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကစားသမားများ ယုံကြည်မှုကင်းမဲ့ခဲ့သောကြောင့် မိုနာကိုအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် ပထမအကျော့အိမ်ကွင်းတွင် ၅-၃ ဂိုးဖြင့် အနိုင်ရထားသော်လည်း ဒုတိယအကျော့တွင် ၃-၁ ဂိုးဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည့်အတွက် နှစ်ကျော့ပေါင်း ၆-၆ ဂိုးဖြင့်သရေကျခဲ့သော်လည်း အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

‘ပြင်သစ်မြေမှာ တိုက်စစ်ဖွင့်ပြီး ဂိုးသွင်းဖို့ စီစဉ်ခဲ့တာပါ။ ကစားသမားတွေကို အဲ့ဒီလိုယုံကြည်မှု ရရှိစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော့်အရဲ့အမှားကတော့ သူတို့တွေကို ယုံကြည်မှုရအောင် မလုပ်နိုင်ခဲ့တာပါပဲ။

နည်းပြတိုင်း အမှားလုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ နည်းဗျူဟာပိုင်း မှားယွင်းခဲ့တယ်လို့ မထင်ပါဘူး။ ခံစစ်ပိုင်းကြောင့်လည်း ရှုံးခဲ့ရတာမဟုတ်ပါဘူး။ ပြဿနာက ရိုးရှင်းပါတယ်။ ပထမပိုင်းကစားပုံနဲ့ ဒုတိယပိုင်းကစားပုံက အရမ်းကို ကွာခြားလွန်းခဲ့တာပါ။ ဒုတိယပိုင်းအထိ ပွဲကိုအနိုင်ရဖို့ ကြိုးစားခဲ့ပါသေးတယ်။ ကျွန်တော့်နည်းပြသက်တမ်းမှာ ဒီနည်းလမ်းကိုပဲ အမြဲသုံးခဲ့တာပါ။ ပြဿနာက ပထမပိုင်းကစားပုံပါပဲ’ ဟု ဂွါဒီယိုလာက ဆိုသည်။

ယင်းပွဲစဉ်တွင် မန်စီးတီးအသင်းသည် ပထမပိုင်း၌  ၂ ဂိုးပေးခဲ့ရပြီး ဒုတိယပိုင်း ရ၁ မိနစ်တွင် ဆာနေးက ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်ခဲ့သော်လည်း မိုနာကိုအသင်းက ရ၇ မိနစ်တွင် တတိယဂိုးကို သွင်းယူသွားခဲ့သည်။

‘မန်စီးတီးကို လာခဲ့တာ ချန်ပီယံလိဂ်ဖလားရရှိဖို့ပါ။ ကျွန်တော်ကြိုးစားခဲ့ပါတယ်….။ ကျွန်တော်ထပ်ပြီး ကြိုးစားသွားဦးမှာပါ’ ဟု ဂွါဒီယိုလာကဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required