One Championship

တရုတ်ပြည်သို့ ခရီးသွားခြင်း (အပိုင်း ၂ )

.

မတ်လ ၆ ရက်

Yichang မြို့သည် ပေကျင်းမြို့မှ ၂ နာရီကျော်ခန့် လေယာဉ်စီးရပြီး နယ်မြို့ကလေးဖြစ်သည့် အလျှောက် သစ်ပင်စိမ်းစိမ်းနှင့် ဖွံ့ဖြိုးစွာ တည်ရှိသည့်မြို့ငယ်လေးလည်း ဖြစ်ပါသည်။ Yichang မြို့သည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းဖြင့် ယန်စီမြစ်နှင့် အနီးကပ်ဆုံးမြို့ဖြစ်ပြီး Hubei ခရိုင်ထဲတွင် တည်ရှိသည်။ မြို့ငယ်လေးတမြို့ဖြစ်သော်လည်း လူဦးရေ ၄ သန်းကျော် နေထိုင်သည့် မြို့တစ်မြို့လည်း ဖြစ်သည်။

မြူဆိုင်းနေသည့် Yichang မြို့သည် မနက်ခင်း အပူချိန် ၈ ဒီဂရီ ဖြစ်သည့်အတွက် အနွေးထည်ထူထူဝတ်ကာ ချမ်းစိမ့်စိမ့်ဖြင့် နေလို့ကောင်းသည့် ရာသီဥတုလည်းဖြစ်သည်။ မနက်ပိုင်းတွင် ကျွန်တော်တို့သည် ပထမဆုံးခရီးစဉ်အနေနှင့် Yichang မြို့မှ တစ်နာရီခန့် ကားမောင်းပြီး တိတ်ဆိတ်ငြိမ်သက်ပြီး လှပတဲ့ ပတ်ဝန်းကျင်ထဲကို ရောက်ရှိလာပါသည်။ အဆိုပါနေရာသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ရေကာတည်ဆောက်သည့် စီမံကိန်းနယ်လည်းဖြစ်သည်။ သန့်ရှင်းသေသပ်လှသည့် ၀န်းကြီးထဲတွင် ပြခန်းတစ်ခုသို့ လေ့လာရန်အတွက် ကျွန်တော်တို့ သွားရောက်ခဲ့ကြသည်။

၎င်းပြခန်းတွင် ကမ္ဘာ့အကြီးဆုံး ရေကာတာ ဖြစ်သည့် Three Gorges Dam အသေးစားပုံစံနှင့် မဆောက်ခင်ကာလက နိုင်ငံတော် အစည်းအဝေ ဆုံးဖြတ်ချက်မှတ်တမ်းများ၊ ရေကာတာ လုပ်ဆောင်သည့် လုပ်ဆောင်ချက်အသေးစိတ်အချက်အလက်တို့ကို ဖော်ပြထားသည်။ Three Gorges Dam ကိုဆောက်လုပ်ရန် နှစ်တစ်ရာ စီမံကိန်းရေးဆွဲထားပြီး တရုတ်နိုင်ငံ အမျိုးသားကွန်ဂရက်ပါတီအစည်းအဝေးတွင် အများမဲဆန္ဒဖြစ် အဆိုပါ ရေကာတာကို တည်ဆောက်ထားခြင်းဖြစ်သည်။

ရေကာတာစီမံကိန်းဆိုသည်နှင့် ကျွန်တော်တို့သည် ရေခန်းခြောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ရှုံးခြင်း၊ လူများဆင်းရဲမွေတေခြင်းများဖြင့် မြင်တွေ့ကြသည်။ သို့ပေမယ့်လည်း ကျွန်တော်တို့ ရောက်သွားသည့်နေရာသည် ကြီးမားသည့် ရေကာတာကြီးဘေးတွင် စိမ်းလမ်းစိုပြေပြီး လူများ သက်တောင့်သက်သာရှိသည့် ပတ်ဝန်းကျင်ကို မြင်တွေ့ရပါသည်။ ရေကာတာအနီးတဝိုက်တွင် ခရီးသွားပြည်သူတွေ လည်ပတ်နိုင်ရန် ပြုလုပ်ထားပြီး နေ့စဉ် လာရောက်လည်ပတ် လေ့လာသူများဖြင့် စည်ကားလျှက်ရှိသည်။ အဆိုပါ ရေကာတာကြီး၏ ထူးခြားချက်မှာ မြစ်ကူးသင်္ဘောများကို ရွှေ့ပြောင်းပေးသည့်စနစ်သည့် အရမ်းကိုမြင့်မားသည့် နည်းပညာဖြစ် အသုံးပြုထားသည်။ သင်္ဘော ဓာတ်လှေခါးဟုလည်းခေါ်ဆိုကြသည်။ အမြင့်ပေ ရာဂဏန်းရှိသည့် အနိမ့်ပိုင်းမြစ်မှ အမြင့်ပေရာဂဏနန်းရှိသည့် ဆည်ရေပေါ်သို့ တန်ချိန်ထောင်ချီ သဘောင်္ကို လွယ်ကူလျှင်မြန်စွာ ပို့ဆောင်ပေးသည့် စနစ်လည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး နည်းပညာနှင့် စက်ပစ္စည်းကိရိယာအဖြစ် သတ်မှတ်ထားသည်။

မွန်းလွဲပိုင်းတွင် ရေကာတာ ပတ်ဝန်းကျင်မှ ရှားပါး မျိုးတုံးလုနီးပါး အပင်များကို ထိမ်းသိမ်းပျိုးထောင်ပေးသည့် အဆောက်အဦသို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါ ပျိုးပင်ထိမ်းသိမ်းသည့် စင်တာတွင် ဓာတ်ခွဲကိရိယာများဖြင့် ပျိုးပင်များကို ခွဲစိတ်ပြီး မျိုးပွားသည့် စနစ်ဖြင့် မြင့်မားသည့် နည်းပညာအသုံးပြုကာ လုပ်ဆောင်ကြသည်ကိုလည်း တွေ့မြင်ရပေသည်။

ညနေပိုင်းတွင် ယန်စီမြစ်အတွင်း ရှားပါးငါးမျိုးနွယ်များ ထိမ်းသိမ်းသည့် ငါးမွေးမြူရေးစခန်းသို့ သွားရောက်လေ့လာခဲ့ကြသည်။ ယန်စီမြစ်အတွင်းတွင် ပပျောက်လုနီးပါးရှိသည့် ငါးမျိုးများကို ပြန်လည်ဓာတ်ခွဲပြီး မျိုးစိပ်ပွါး ငါးများအား နှစ်စဉ် ငါးသားပေါက်များကို ယန်စီမြစ်သို့ ပြန်လည် ပို့ဆောင်ပေးကြသည်။ အဆိုပါ ယန်စီမြစ်ရှိ ငါးမျိုးစိပ်များတွင် မိချောင်းနှင့် တူသည့် ငါးသည် တမူထူးခြားပြီး အဖိုးတန်ငါအဖြစ် အသိအမှတ်ပြုထားကြသည်။ အဆိုပါ ငါးသည် သာမာန်ငါးဖြစ် တန်ချိန် ကီလို တစ်ရာခန့ှ်ရှိပြီး လုံးပတ်ကြီးမားသည့် ငါးလည်းဖြစ်သည်။ ပင်လယ်တွင် ကျက်စားပြီး အချိန်တန်လျှင် ယန်စီမြစ်သို့ တစ်နှစ်လုံးလုံး အစားမစားဘဲ ခရီးသွားက သတ်မှတ်ထားသည့် နေရာတွင် ဥ ဥ ကြသည်။ အဘယ်ကြောင့် အစာမစားပဲ ခရီးသွားပြီး ဥဥကြသည်ကို ယခုအထိ တရုတ်ပညာရှင်မှာ အဖြေရှာမရကြောင်း ပြောပြခဲ့သည်။

ညနေပိုင်းတွင်းတွင် ကမ္ဘာအကြီးမားဆုံးရေကာတာ ခရီးစဉ်ပြီးဆုံးခဲ့သည်။ ရာသီဥတုသည်လည်း အေးသည်ထက် ပိုပို၍ အေးလာပါသည်။

Three Gorges Dam ရေကာတာသည် Sandouping, Yiling ဒေသတွင်တည်ရှိပြီး Hubei ခရိုင်ထဲတွင် တည်ရှိပါသည်။ ရေကာတာ တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ရေအားလျှပ်စစ်ကို ပြည့်ဝစွာ ထုတ်ယူနိုင်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြစ်ရေးကြီးခြင်းဘေးအန္တရာယ်ကို ကာကွယ်နှိုင်ရန် နှင့် ရေကြောင်းခရီးသွား အဆင်ပြေစေရန် ရည်ရွယ်ပြီးဆောက်လုပ်ထားဖြစ်သည်ဟု ဖော်ပြထားသည်။ ၁၉၉၄ ဒီဇင်ဘာလ ၁၄ ရက် နေ့တွင် အလုပ်သမား ၄ သောင်းကျော်ဖြစ် ၁၇ နှစ်ကြာ ဆောက်လုပ်ခဲ့သည်။ ရေကာတာ တည်ဆောက်သည့် ကုန်ကျစရိတ်မှာ ၁၈၀ ဘီလီယံ ယွမ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၇.၆ ဘီလီယံ ခန့် ကုန်ကျကာ တည်ဆောက်ထားသည်။ ရေကာတာအမျိုးအစားမှ Gravity Dam သိပ်သည်းသည့် ရေကာတာအမျိုးအစားလည်း ဖြစ်သည်။ ယန်စီမြစ်ကို ပိတ်ဆို့တည်ဆောက်ထားပြီး အမြင့်ပေ ၅၉၄ ပေရှိပြီး အရှည်မှာ ၇၆၆၁ ပေရှည်လျှားပြီး အပေါ်ပိုင်းအကျယ်မှာ ၁၃၁ ပေ ရှိပြီး အောက်ပိုင်းထုထည်မှာ ၃၇၇ ပေကျယ်ပြန့်သည်။ အဆိုပါ ရေကာတာကို Three Gorges ကုမ္မဏီမှ တည်ဆောက်ထားပြီး မီဂါဝပ် ၂ သောင်းခွဲ  ဖြစ် ကမ္ဘာပေါ်တွင် လျှပ်စစ်အများဆုံး ထုတ်လုပ်နိုင်သည့် ရေကာတာအဖြစ် ရပ်တည်လျှက်ရှိသည်။

အပိုင်း ( ၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/24540