ဂျူဗီတပ်စ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လက်စတာကို ရှောင်လွှဲလိုတယ် - ဘူဖွန်

ဂျူဗီတပ်စ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လက်စတာကို ရှောင်လွှဲလိုတယ် - ဘူဖွန်

ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်က သူဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်းနဲ့ မတွေ့ဆုံလိုဘဲ ရှောင်လွှဲလိုကြောင်း ပြောပါတယ်။

လက်ရှိ အီတလီစီးရီးအေ ချန်ပီယံဟာ ပေါ်တိုကို အနိုင်ရပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိခဲ့သလို မြေခွေးပြာတွေကလည်း ဆီဗီလာကို ကျော်လွှားနိုင်ခဲ့ပါတယ်။

"လက်စတာက အန္တရာယ်များပြီး စိတ်ဓာတ်မာကျောတဲ့ အသင်းတစ်သင်းပါ။ သူတို့ဟာ ပြိုင်ဘက်တွေကို ဒုက္ခရောက်စေပါတယ်။"လို့ အသက် ၃၈ နှစ်အရွယ်ရှိ ဘူဖွန်က ပြောပါတယ်။

ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ဟာ နောက်တစ်ဆင့် ကွာတားဖိုင်နယ်ကို တက်ရောက်နှင့်ပြီးဖြစ်ပါတယ်။

လက်စတာဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်းမှာ စပိန်လာလီဂါမှ ဆီဗီလာကို ၂-၀ ဂိုးနဲ့ နိုင်ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလား (၂) ကြိမ်ရ ဂျူဗီတပ်စ်အသင်းကလည်း အိမ်ကွင်းမှာ ပေါ်တူဂီလိဂ်မှာ ဦးဆောင်နေသူ ပေါ်တိုအသင်းကို ၁-၀ ဂိုးနဲ့ နိုင်ပြီး နှစ်ကျော့ပေါင်း ၃-၀ ဂိုးနဲ့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပါတယ်။

"လက်စတာအသင်းနဲ့ ရင်ဆိုင်ရရင် ကျနော်တို့ အရာအားလုံး ဆုံးရှုံးဖို့ ရှိပါတယ်"လို့ ဘူဖွန်က ဆက်ပြောပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required