ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ယခုနှစ်အတွင်း လျှပ်စစ်ရထား စတင်ပြေးဆွဲမည်

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ယခုနှစ်အတွင်း လျှပ်စစ်ရထား စတင်ပြေးဆွဲမည်

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ယခုနှစ်အတွင်း လျှပ်စစ်ရထာား (Tramcars) စတင်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားနှင့် ဂျပန်နိုင်ငံ West Corporation တို့ အကြား ဇူလိုင် ၂၇ ရက်က သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် ပထမအဆင့်အနေဖြင့် လမ်းပိုင်းအခြေအနေအရ ရထားလမ်းခုံးကျော်တံတားများ လွတ်ကင်းမည့် နယ်မြေဖြစ်သည့် ထော်လီကွေ့မှ ပန်းဆိုးတန်အထိ ၂၀၁၅ ခုနှစ်အောက်တိုဘာလ ကုန်ခန့်တွင် ပြေးဆွဲနိုင်ရန်နှင့် ဒုတိယအဆင့်ကို ပန်းဆိုးတန်းမှ လင်းစဒေါင်းအထိ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ပြေးဆွဲနိုင်ရန် ရည်မှန်းထားသည်။

လျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်းအတွက် ရထားလမ်းပိုင်းအား Dural Guage အဖြစ်ပြောင်းလဲ လမ်းခင်းခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်များ သွယ်တန်းရေးကို ဦးစွာဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly