ဂွာတီမာလာ ကလေးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှု အစိုးရအရာရှိဟောင်းသုံးဦးကို ဖမ်းဆီး

ဂွာတီမာလာ ကလေးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှု အစိုးရအရာရှိဟောင်းသုံးဦးကို ဖမ်းဆီး

မတ် ၁၄ ။               ။ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ရသည့် ဂွာတီမာလာ ကလေးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှုဖြစ်စဉ်နှင့်စပ်လျင်း၍ အဓိက တာဝန်ရှိသူ အစိုးရဝန်ထမ်းဟောင်း သုံးဦးကို အာဏာပိုင်များက မတ်လ ၁၃ ရက်က ဖမ်းဆီးလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပေါ်ခဲ့သော ယင်းအဖြစ်ဆိုးနှင့်ပတ်သက်၍ တာဝန်ရှိသူများကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မိန်းကလေးငယ်ပေါင်း ၄၀ ထိ သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ပြီး နိုင်ငံတွင် အဆိုးရွားဆုံးသော ဘေးဒုက္ခဆိုးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ဖမ်းဆီးခံလိုက်ရသူများထဲတွင် လူမှုဖူလုံရေးအတွင်းဝန်ရုံး SBS အကြီးအကဲဟောင်း ကားလို့စ် အန်တိုနီယို ရိုဒက်စ် မီဂျာ၊  SBS ၏ ဒုတိယအတွင်းဝန် အန်နာဟီ ကယ်လာ နှင့် မီးလောင်မှုဖြစ်ခဲ့သည့် ဗီရာဂျင်ဒီလာအော်ဆွန်စီယွန် ဂေဟာ ဒါရိုက်တာဟောင်း ဆန်းတို့စ် တောရက်စ် တို့ ဖြစ်သည်။

၎င်းတို့ သုံးဦးစလုံးမှာ မီးလောင်မှုဖြစ်စဉ်နောက်ပိုင်း လက်ရှိ ရာထူးများမှ နှုတ်ထွက်ခဲ့ကြရသူများလည်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ မိန်းကလေးငယ်များကို အခန်းကျဉ်းတစ်ခုထဲ ထည့်ပိတ်ထားခဲ့ကာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမတိုင်မီက ညှင်းပန်းနှိပ်စက်ခံထားရမှုအခြေအနေများကို နှုတ်ပိတ်လိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required