ဗိုလ်ချုပ်အောင်ဆန်း တံဆိပ်ခေါင်းများ အထူးအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်

ဗိုလ်ချုပ်အောင်ဆန်း တံဆိပ်ခေါင်းများ အထူးအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်
ဓာတ်ပုံ- MOI

ရန်ကုန်၊ မတ် ၁၄ ။          ။ ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် အထူးထုတ်စာပို့တံဆိပ်ခေါင်း  နှင့် တံဆိပ်ခေါင်းပါ စာအိတ်တို့ကို လာမည့် မတ် ၁၇ ရက်တွင် စတင်ရောင်းချသွားမည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထဆုံးဝန်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း  နှင့်  ကျအ် ၅၀၀ တန် တံဆိပ်ခေါင်းပါစာအိတ်တို့ကို   နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ရောင်းချခြင်းဖြစ်သည်။

အလျား ၃၀ မီလီမီတာ၊ အနံ ၄၂ မီလီမီတာ ရှိ တံဆိပ်ခေါင်းနှင့် အလျား ၂၂၀ မီလီမီတာ ၊ အနံ ၁၁၀ မီလီမီတာရှိ တံဆိပ်ခေါင်းပါစာအိတ်ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊   မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခြင်းဖြစ်သည်။

ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းကို မတ်လ ၁၇ရက်၊ နံနက် ၉နာရီခွဲမှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဟု ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ထိုသို့ ရောင်းချရာတွင် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ မတ် ၁၇ရက်တွင် ဝယ်ယူသောစာပို့ တံဆိပ်ခေါင်းများ၊ တံဆိပ်ခေါင်းပါ စာအိတ်များနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဟူ၍  ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ စာပို့ တံဆိပ်ခေါင်းကို တခြားသောပုံအမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချနေပြီး တခြားသော တံဆိပ်ခေါင်းများကို  မြန်မာငွေ ၁၀၀ကျပ်၊ ၂၀၀ကျပ်တို့နှင့်   ရောင်းချလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required