စီရော်နယ်ဒိုနှင့် မက်ဆီတို့ပြီးနောက် ရာမို့စ်မှာ အသင်းအတွက် အမှတ်အများဆုံးရယူပေးနိုင်သည့် ကစားသမားဖြစ်

စီရော်နယ်ဒိုနှင့် မက်ဆီတို့ပြီးနောက် ရာမို့စ်မှာ အသင်းအတွက် အမှတ်အများဆုံးရယူပေးနိုင်သည့် ကစားသမားဖြစ်

မတ် ၁၄၊ စပိန် ။           ။ ရီးယဲလ်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်သည် လာလီဂါပြိုင်ပွဲတွင် မက်ဆီနှင့်စီရော်နယ်ဒိုတို့ပြီးနောက် အသင်းအတွက် အမှတ်အများဆုံးရယူပေးနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ စူပါဖလားပွဲနှင့် အမှတ်ပေးပွဲများတွင် အဆုံးအဖြတ်ဂိုးများသွင်းယူပေးနိုင်ခဲ့သည့် ရာမို့စ်သည် နောက်ခံလူတစ်ဦးဖြစ်သော်လည်း ယခုနှစ်ရာသီတွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး ၁၀ ဂိုးအထိသွင်းယူပေးထားနိုင်ပြီး လာလီဂါပြိုင်ပွဲတွင် ရ ဂိုးသွင်းယူထားသည်။

ရာမို့စ်သည် ရီးယဲလ်အသင်းအတွက် ယခုနှစ်ရာသီတွင် ရမှတ် ၈ မှတ် ရယူပေးထားသည်။ အသင်းဖော် စီရော်နယ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့မှာ ၎င်းတို့၏ အသင်းများအတွက် ရမှတ် ၉ မှတ်ရယူထားနိုင်ကြပြီး ရာမို့စ်ထက် အမှတ်ပိုရယူပေးနိုင်သည့် ကစားသမားများ ဖြစ်သည်။

ရာမို့စ်၏ စွမ်းဆောင်ရည်မှာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းနှင့် ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်တို့၏ စွမ်းဆောင်ရည်နှင့်တူညီလျက်ရှိသည်။

ဗီလာရီးယဲလ်၊ ဒီပို့တီဗို၊ ဘာစီလိုနာ၊ မာလာဂါ၊ ဘက်တစ်တို့နှင့် ကစားခဲ့သည့် လာလီဂါပွဲစဉ်များတွင် ရာမို့စ်၏ သွင်းဂိုးများမှာ အဆုံးအဖြတ်ဖြစ်ခဲ့သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly