ကျော်ကြားလှတဲ့ ဂျပန်သခွား စိုက်ပျိုးရေး (အပိုင်း ၂)

14 March 2017
ကျော်ကြားလှတဲ့ ဂျပန်သခွား စိုက်ပျိုးရေး (အပိုင်း ၂)

ဘောင်များကို ပြုပြင်ပြီးရင်တော့ ပျိုးပင်များကို စတင်ပြီး စိုက်ပျိုးပေးရမှာပါ။ ပျိုးပန်းများကိုလည်း ရေလောင်းပေးရမှာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း အပင်ပေါက်များကို စိုက်ပျိုးခြင်း ဒါမှမဟုတ် အစေ့ကို တိုက်ရိုက်ချ စိုက်ပျိုးခြင်း ဆိုပြီးတော့ စိုက်ပျိုးနိုင်ပါတယ်။ ပျိုးပင်များကိုတော့ ၁၂ ရက်မှ ၁၆ ရက်အတွင်းမှာ ပြောင်းရွေ့ စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ ပြောင်းရွေ့စိုက်ပျိုးတဲ့အခါမှာတော့ အရွက် ၃ ရွက်ခန့် ထွက်နေရန်လည်း လိုအပ်ပါတယ်။ ပြောင်းရွေ့စိုက်ပျိုးတဲ့အခါမှာ ပျိုးပင်ကို နှုတ်ပြီးတော့ ပြောင်းရွေ့စိုက်ပျိုးခြင်း မပြုလုပ်ရပါဘူး။ ပျိုးဘောင်မှ ပါလာတဲ့အတိုင်းပဲ ပြောင်းရွေ့ စိုက်ပျိုးပေးရမှာလည်း ဖြစ်ပါတယ်။

ဘောင်ပေါ်ကို ရောက်တဲ့အခါမှာတော့ ဘောင်နဲ့ ခွက်ထဲမှာပါတဲ့ မြေကြီးဟာ တစ်သားတည်းဖြစ်နေဖို့ လိုအပ်ပါတယ်။ တစ်ပင်နဲ့တစ်ပင်ကိုတော့ ၂ ပေပတ်လည် ခြားပြီးတော့ စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ တစ်ပင်နဲ့တစ်ပင်ကို သိပ်မခြားပဲ စိုက်ပျိုးရင်တော့ သီးနှုန်းက နည်းသွားနိုင်ပါတယ်။ သီးနှုန်းက ဘာကြောင့်နည်းသလဲဆိုတော့ ကျွန်တော်တို့က သခွားပင်ကို ကိုင်းတက်ကိုယူတာဖြစ်တယ်။ ခေါင်ညွှန့်ကို မနှိမ်ထားဘူး။

ခေါင်ညွှန့်ကို မနှိပ်ပဲနဲ့ ကိုင်းတက်တွေကို ဖြတ်တဲ့အခါကျတော့ အပင်က စပြီးတော့ တဖြည့်ဖြည်းတက်တဲ့အခါမှာ အပင်အနေအထားကနေပြီးတော့ မြင့်တက်လာမယ်ဆိုရင် ကိုင်းတက်တွေက ဘယ်ညာထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က အဲဒီအတက်ကို အဆစ်နှစ်ဆစ်ထားပြီးတော့ ညှပ်ချရပါတယ်။ ညှပ်ချတဲ့အခါမှာ တစ်ဆစ််ကို သူက အနည်းဆုံး ၆ လက်မလောက် ရှိပါတယ်။ ၂ ဆစ်ဆိုတော့ ၁ ပေပေါ့။ တစ်ပေဖြစ်တဲ့အခါကျတော့ အပင်တစ်ပင်နဲ့တစ်ပင်မှာ တစ်ပေဆီဆိုတော့ ကျွန်တော်တို့က တစ်ပင်နဲ့တစ်ပင်ကို နှစ်ပေခြားထားပေးရခြင်း ဖြစ်ပါတယ်။ တစ်ပင်နဲ့တစ်ပင်လည်း မညိအောင်ပေါ့။ ပြီးတော့ လေဝင်လေထွက်ကောင်းအောင်ပေါ့။ သခွားပင်မှာက အဓိက လေဝင်လေထွက် ကောင်းဖို့ လိုအပ်ပါတယ်။

အပိုင်း(၁) အားအောက်ပါလင့်တွင် ဖတ်နိုင်ပါသည်-http://www.mizzimaburmese.com/article/24650

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly