ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ကမ္ဘာတည်သရွေ့ မမေ့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ကမ္ဘာတည်သရွေ့ မမေ့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လွန်ခဲ့သော ၂၉ နှစ် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က လုံထိန်းရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ရန်ကုန ်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကို မမေ့မလျော့ဘဲရှိနေပြီး ဂုဏ်ပြုလျက်ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မတ်လ ၁၃ ရက်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ပထမဆုံး ကျင်းပခွင့်ရခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အတွက် အောင်းမေ့ဖွယ်အခမ်းအနားသို့ ပေးပို့သည့် ဝမ်းနည်းခြင်း သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောထားခြင်းဖြစ်သည်။

" ကမ္ဘာတည်သ၍ ကျွန်မတို့ မမေ့မလျော့ မှန်ကန်တဲ့လုပ်ဆောင်မှုအားတွေနဲ့ ဂုဏ်ပြုကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပါရှိသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သည် “နိုင်ငံအတွက် အလင်းပြခဲ့တဲ့ လူငယ်များ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပါရှိသည်။

ထို့အပြင် အတိတ်၏ ဆိုးမွေများထဲက အကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ နီးပါးက မျှော်မှန်းတောင့်တခဲ့သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ၀ိုင်းဝန်း ထူထောင်ကြရန် ကြိုးစားရမည်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်း ထားသည်။

ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ကျင်းပခွင့် ရရှိခဲ့သည့် အဆိုပါ အခမ်းအနားသို့ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly