ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်က ပြည်သူတွေအတွက် တကယ် အဆင်ပြေရဲ့လား (အပိုင်း၂)

13 March 2017
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်က ပြည်သူတွေအတွက် တကယ် အဆင်ပြေရဲ့လား (အပိုင်း၂)

ဦးမျိုးသန့် (Mizzima Media)

ကျွန်တော် ပြန်ပြီးတော့ အချုပ်လေးကို ပြန်ပြောရလို့ရှိရင် ကားပေါ်မှာဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်တယ်ဆိုတဲ့အကြောင်း နောက်တစ်ခါ မသန်စွမ်းသူတွေရဲ့ သွားရေးလာရေးပေါ့ အဲဒီတော့ ဒါမျိုးတွေကို ဘယ်လိုထိန်းကြောင်းမလဲ ဥပမာ ပြည်သူတွေကတော့ အသံတွေ ထွက်လာပြီပေါ့နော်။ ထွက်လာပြီဆိုတဲ့အခါကျတော့ ကျွန်တော်ထင်တယ် လွှတ်တော်ကနေပြီးတော့ ဒီအသံကို ဘယ်လိုမျိုး ဖော်ဆောင်ပေးနိုင်မလဲ ဘယ်ကဏ္ဍကနေပြီးတော့ ဘယ်လိုမျိုး လုပ်နိုင်မလဲ ကိုနေဘုန်းလတ်အနေနဲ့ ပြောပေးပါဦးခင်ဗျာ။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အမှန်တိုင်းဆိုရင်တော့ လုပ်ငန်းစီမံကိန်းတစ်ခု ပြောင်းတော့မယ်ဆိုကတည်းက စတင်မယ်ဆိုကတည်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရင်တော့ အကောင်းဆုံးပဲခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေနဲ့ အနီးဆုံးလေ။ အနီးဆုံးပဲဆိုတာက ကိုယ့်ပြည်သူတွေက ဘာတွေလိုအပ်တယ် ဘာတွေလိုလားတယ် ဘယ်လိုလမ်းကြောင်းတွေ ဘယ်လိုပေးသင့်တယ် စသဖြင့် Project ကြီးစကတည်းက လမ်းကြောင်းရေးဆွဲတာတွေ မှတ်တိုင်ထားတာတွေ အကုန်လုံးမှာ ဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမယ်ဆိုရင်တောင် တော်တော်ကောင်းမယ်လို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လွှတ်တော်မှာဆိုရင်လည်း ဒီအတွက်ကို သီးခြားဖွဲ့ထားတဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနဲ့ စက်မှုလက်မှုရေးရာကော်မတီဆိုတာရှိတယ်။ ဒီကော်မတီဆိုရင်လည်း တိုင်ပင်ဆွေးနွေးရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း တိုင်ပင်ဆွေးနွေးရမယ့် အခန်းကဏ္ဍတွေ ရှိပါတယ်။ အဲလိုမျိုးမဟုတ်ပဲနဲ့့ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါက ပထမအပိုင်းပေါ့။

အခုကတော့ ဟုတ်ပြီ ဒါကြီး လုပ်ပြီးသွားပီဆိုတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း တက်နိုင်သမျှ ကူညီကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ပြည်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ Project ဗျ။ အဲဒီအခါကျတော့ ကိုယ်ဝင်မကူရင် ပြည်သူတွေက ပိုနာမယ်။ အဲတော့ အားလုံး ကျွန်တော်တို့ ကိုယ်စားလှယ်တင်မကပါဘူး ကျောင်းသားတွေရော၊ အဖွဲ့အစည်းတွေရော၊ ပြည်သူအချင်းချင်းရော တကယ့်ကို အင်တိုက်အားတိုက် ကူညီကြတယ်ဆိုတာကလည်း အားလုံး မျက်မြင်ကိုုယ်တွေ့ပဲ။ အဲလိုကူညီတဲ့ ကူညီမှုဆိုတာကလည်း ရေရှည်လည်း မဟုတ်ဘူးခင်ဗျ။ တကယ်တမ်းကျတော့ အစိုးရမှာ တာဝန်ရှိတယ်။ Public Service တွေနော် အစိုးရကနေ Public ကို Service ပေးရမယ့်ကိစ္စ အဲလိုမျိုး ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ အစိုးရက ဒါကို တာဝန်ယူသင့်တယ်။

နောက်တစ်ခုက ကျွန်တော်တို့ ဖြစ်စေချင်တာပေါ့ဗျာ ဒါကတော့ ပြည်သူကို သီးခံပါဆိုတဲ့စကားထက် ကျွန်တော်တို့က ဘာ Message ပေးချင်လဲဆိုတော့ ပြည်သူလူထုအနေနဲ့ သွားရေးလာရေးမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေရပါမယ်ဆိုတဲ့ ကတိစကား အဲဒီစကားက ပေးသင့်တယ်ဗျ။ အဲလိုမျိုးမဟုတ်ပဲ ပြည်သူတွေကို သီးခံပါ သီးခံပါဆိုတဲ့ဟာက ဘယ်လောက်ကြာအောင် ပြောနေမယ်ဆိုတာ စဉ်းစားသင့်တယ်။

လွှတ်တော်အနေနဲ့ကတော့ အခုလောလောဆယ်က လွှတ်တော်နားထားတဲ့အတွက်ကြောင့်မို့ လွှတ်တော်ပြန်စတဲအခါမှာ ကိုယ်စားလှယ်တွေက တချို့အချက်အလက်တွေကို ထောက်ပြတာတွေ ရှိပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ တတ်နိုင်သမျှ ပြည်သူဆီက ကြားရတဲ့အသံကို ပေါင်းကူးအနေနဲ့ အစိုးရ တာဝန်ရှိတဲ့သူတွေဆီကို တောက်လျှောက် ကျွန်တော်တို့ ပို့ပေးနေတယ်။ အစိုးရမှာ တစ်ခုကောင်းတာကတော့ လိုအပ်ရင် လိုအပ်သလို Adjustment ပေါ့နော် ပြန်ပြီးတော့ လိုင်းတွေတိုးတာတွေ ချဲ့တာတွေ လုပ်ဖို့တော့ သဘောထားရှိတယ်ဆိုတာ ရှိပါတယ် အစိုးရမှာ၊ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့တွေ Information များများပေးနိုင်လေလေ ဒီစနစ်ကြီးက အစမကောင်းခဲ့ပေမယ့် အနှောင်းသေချာအောင် ဝိုင်းတွန်းမယ်ဆိုရင်တော့ ရနိုင်ပါသေးတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲဒီတော့ ဦးအောင်လွင်ဦး ကိုနေဘုန်းလတ်ကတော့ ပြောသွားတယ် ပြည်သူတွေရဲ့အသံတွေကိုလည်း သူတို့ နားထောင်နေတယ်။ တချို့အချက်တွေကိုလည်း စုဆောင်းနေပြီဆိုတော့ သေချာတယ် ဒီကိစ္စက ရန်ကုန်တိုင်းလွှတ်တော် ပြန်စလို့ရှိရင် လွှတ်တော်ထဲကို ရောက်မယ်ပေါ့နော်။ ဆိုတော့ ဒီ မသန်စွမ်းသူတွေအနေနဲ့ရော ကိုယ့်ရဲ့အသံတွေကို လွှတ်တော်ထဲကိုရောက်အောင် ဘာတွေများ ထပ်ပြီးတော့မှ အကြံပြုချင်သေးလဲ၊ ဘာတွေများ အခက်အခဲတွေ ကြံုတွေ့နေရတာရှိလဲ၊ ဘာတွေများ Information တွေ ပေးချင်တာတွေရှိလဲ။

ဦးအောင်လွင်ဦး

အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်

ကျွန်တော်တို့ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောပြချင်တာပေါ့ ကျွန်တော်တို့ စဉ်းစားတိုင်း စဉ်းစားတိုင်းမှာ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သန်ခေါင်စာရင်းအရ မသန်စွမ်းသူတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာမှာဆိုရင် ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်ပေါ့နော်။ ကိန်းဂဏန်းအားဖြင့် ၅၁ သန်းကျော်မှာ ကျွန်တော်တို့ မသန်စွမ်းဦးရေဟာ ၂ သန်းနဲ့ ၃ သိန်းရှိပါတယ်။ လွှတ်တော်အနေနဲ့ စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ မသန်စွမ်းသူတွေကိုလည်း ချန်မထားပဲနဲ့ ထည့်သွင်းစဉ်းစားပေးပါလို့ မသန်စွမ်းသူတွေရဲ့ကိုယ်စား ပြောချင်ပါတယ်။

နောက်တစ်ခု ထပ်ပြီးတော့ ကျွန်တော် ကိုယ်စား ပြောချင်တာကတော့ YBS စနစ်ကို စီစဉ်တဲ့အခါမှာ နည်းနည်းလေး ပုံစံလေးတွေကို ထပ်ပြီးတော့ Update လုပ်ဖို့ လိုမယ်လို့ ထင်ပါတယ်ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကားတွေဆိုရင် ဥပမာ နံပါတ် ၅ ဆိုပါတော့ တစ်ဖက်မှာ မြန်မာလိုငါးရေးရင် တစ်ဖက်မှာ အင်္ဂလိပ်လို ငါးရေးထားတယ် အဲလိုမျိုး ဖြစ်နေတာတွေကို ကျွန်တော်တို့ တွေ့ရှိပါတယ်။ နောက်တစ်ချက် ထပ်ပြီးတော့ ပြောချင်တာကတော့ မီးပွိုင့် System တွေကိုလည်း ဆွေးနွေးပေးစေချင်တယ်။ တချို့မီးပွိုင့်တွေက ပိတ်နေတဲ့အခါကျတော့ ကားတွေက မီးပွိုင့်မှာတင် နံပါတ်တစ်ခုတည်း အရောင်တစ်ခုတည်းကိုပဲ သုံးလေးစီး ဆင့်နေတာတွေ့ရတယ်။ မီးပွိုင့်လွတ်တဲ့အခါကျတော့ မောင်းပြီးတော့ ပြေးထွက်သွားတယ်။ အဲဒီအချိန်မှာ နောက်က ပြည်သူတွေအနေနဲ့က ကားလာဖို့ စောင့်ရတဲ့အခါမှာ အရမ်းကြာသွားရော။ လာတဲ့အခါမှာ ပြည်သူတွေက ပြံုတက်ရတော့ ခုနက လွှတ်တော်ကိုယ်စားလှယ် ပြောသွားသလိုပဲ မိန်းကလေးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်တာတွေ ဖြစ်လာတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ မီးပွိုင့် System တွေကို လွှတ်တော်မှာ ထည့်သွင်း စဉ်းစားပေးဖို့ ပြောချင်ပါတယ်ခင်ဗျာ။

ဦးမျိုးသန့် (Mizzima Media)

ကျွန်တော်တို့ ဒီယာဉ်လိုင်းပိုင်ရှင်တွေအနေနဲ့ရော အသံတွေကို ကျွန်တော်တို့ နားထောင်ကြည့်တဲ့အခါကျတော့ သူတို့က အခုဆိုရင် ယာဉ်မောင်းတွေပေါ့ ယာဉ်မောင်းတွေကို လစာပေးပြီးတော့မှ စနစ်သစ်နဲ့လုပ်တယ်။ ဒါပေမယ့် ဒါက ဘာဖြစ်လို့လည်းဆိုတော့ မှတ်တိုင်မှားမရပ်အောင် ရပ်သင့်တဲ့မှတ်တိုင်မှာရပ်အောင် အချိ်န်အကန့်အသတ်နဲ့ရပ်အောင် ပြီးလို့ရှိရင် တစ်စီးနဲ့တစ်စီး ပြိုင်မမောင်းအောင်ပေါ့ ဒါမျိုးကို စဉ်းစားပြီးတော့လုပ်တယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ လက်တွေ့ဟာ မဖြစ်လာသေးဘူးဆိုတာ့ ကျွန်တော်လည်း ကိုယ်တိုင်လည်းသိတယ် ရထားတဲ့ သတင်းအချက်အလက်တွေအရ သိထားတယ်ဆိုတော့ ဘယ်လိုများဖြစ်နေလဲ ဘာတွေများ လုပ်သင့်လဲပေါ့။

ဦးတရုတ်လေး

YBS ၂၁ ယာဉ်လိုင်းပိုင်ရှင်

လုပ်သင့်တာကတော့ ကျွန်တေ်ာတို့ လုပ်ငန်းရှင်တွေပေါ့နော်။ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီးတော့ တိုင်းအစိုးရအနေနဲ့ ဆွေးနွေးသင့်တယ်လို့ ကျွန်တော်မြင်တယ်။ တကယ်လို့ တာဝန်ရှိတဲ့လူကြီးတွေနဲ့ အချိန်မအားလပ်ဘူးဆိုရင်လည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းရှိတယ် ကူညီမယ့်သူတွေလည်း ရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်းရဲ့ အခြေအနေတွေကို ခေါ်ယူပြီး ဆွေးနွေးသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ယခင်တုန်းက အများပိုင်ယာဉ်လိုင်းတွေ အများပိုင်ယာဉ်လိုင်းစနစ်တွေလုပ်မယ်၊ ကျွန်တော်တို့ ယာဉ်လုပ်သားတွေကိုလည်း လစာတွေပေးမယ် နောက် နည်းပညာအကူအညီတွေယူမယ်၊ ယာဉ်သစ်တွေအလုံအလောက်နဲ့ နောက် အခြေခံလမ်းတံတားအဆောက်အဦးတွေ ပြည့်ပြည့်စုံစုံနဲ့ နောက် ဘတ်စ်ကားတွေ သီသန့်ပြေးဆွဲမယ် ့လမ်းကြောင်းတွေ အဲဒီအတွက် ကြိုစီစဉ်ထားတာပါ။ သို့သော်လည်းပဲ အဲဒီကိုရောက်ဖို့က အချိန်က အတိုင်းအတာတစ်ခုအထိ ပေးရမယ်ဆိုတာကို သုံးသပ်မိတယ်။

အများပိုင်စနစ်တွေ မစခင်မှာ ဒီ YBS စနစ်ကိုစတယ်။ အဲဒီစနစ်ကို စတဲ့အခါကျတော့လည်း ကျွန်တော်တို့က လေ့လာကြည့်တဲ့အခါကျတော့ ယခင် မထသစနစ်မှာက ကိုယ်ရကိုယ်ယူစနစ် အပြိုင်အဆိုင်မောင်းတယ်။ ရရှိတဲ့ဝင်ငွေအပေါ်မှာကို Percentage နဲ့ရှင်းတယ်။ အဲဒါက တစ်နည်း။ နောက်တစ်နည်းက ပိုင်ရှင်ကို တစ်ရက်ကို ၅၀၀၀၀ ပေး။ ကျန်တာကို ယာဉ်လုပ်သားယူဆိုတော့ ယာဉ်လုပ်သားတွေ စည်းကမ်းဖောက်ဖျက်ပြီးတော့ ဒါ အပြိုင်အဆိုင်မောင်းကြတယ်။ ဒါ ပြီးခဲ့တဲ့ မထသ စနစ်မှာ ဆိုတော့ အကုန်သိပြီသား။ ဆိုတော့ အဲဒီစနစ်ကိုဖျောက်တယ်။ စုပေါင်းပြေးဆွဲတဲ့စနစ်ကို ကျင့်သုံးရပါမယ်ဆိုတဲ့ ခံဝန်ကတိကို ထိုးထားရတယ်။ သို့သော်လည်းပဲ မြေပြင်အခြေအနေမှာ ဒီကနေ့မှာ ဘာကြောင့် စည်းကမ်းဖေါက်ဖျက်မှုတွေဖြစ်သလဲဆိုတော့ ကျွန်တော်တို့မှာ လေ့လာကြည့်တဲ့အခါကျတော့ ယာဉ်လိုင်း ၈၀ ရာခိုင်နှုန်းမှာ ပုတ်ပြတ်ကန်ထရိုက်စနစ်တွေကို ဖျက်ထုတ်ပြီး ကျင့်သုံးနေတာကို တွေ့ရတယ်။ ပုတ်ပြတ်မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိတွေကိုလည်း ချိုးဖျက်နေတာကို တွေ့ရတယ်။ ဒါကြောင့်မို့လည်းတစ်နေ့က ဝန်ကြီးကိုယ်တိုင် ပြင်းပြင်းထန်ထန် သတိပေးလိုက်တာ တွေ့ရတယ်။ ယာဉ်လိုင်းအမှတ်အသားစတစ်ကာတွေဆိုရင်လည်း ဒါ ဝန်ကြီးချုပ်အစည်းအဝေးမှာ ညွှန်ကြားချက်သုံးထားတာက တစ်ပတ်ကျော်သွားပြီ။ သို့သော်လည်းပဲ တချို့ယာဉ်တွေနောက်ပို်င်းမှာ မရှိဘူး။ မရှိတဲ့အခါကျတော့ အကြီးအကဲတွေရဲ့ ညွှန်ကြားချက်ကို တိတိကျကျ မဖော်ဆောင်နိုင်တာလည်းပဲ ရှိတယ်။ ဘာကြောင့် မဖော်ဆောင်တာလဲ ကျွန်တော်တို့ သုံးသပ်ကြည့်တဲ့အခါကျတော့ Operator တွေက ဒါက ကုမ္ပဏီတစ်ခုနာမည်ခံပြီးတော့ အပေါ်မှာ Operation လုပ်တယ်ပေါ့။ ယာဉ်လိုင်းကိုယ်စားလှယ်တွေရော။ သို့သေည်လည်းပဲ တစ်ဦတစ်ယောက်ချင်းပိုင်ရှင်တွေအနေနဲ့ ကြည့်မယ်ဆိုရင် ဒီကိုယ်စာလှယ်က သူတို့ရွေးထားတာမဟုတ်ဘူး။ ဘယ်လိုဘယ်လို အပေါ်ရောက်နေမှန်းကိုမသိတာ။ ဆိုတော့ အဲဒီမှာလည်း ရှုပ်ထွေးမှုက နည်းနည်းရှိတယ်။

ဒီ YBS စနစ်သည် တစ်ယောက်တည်းပိုင်ရှင်တွေကို စုပေါင်းပြီးတော့ ပြေးဆွဲတဲ့စနစ်လား၊ ဒါဆိုရင်တော့ ဒီတစ်ဦးတစ်ယောက်ချင်း ပိုင်ရှင်တွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အစုအဖွဲ့တွေနဲ့ တိုက်ရိုက်လုပ်ရမယ်လို့ ကျွန်တော်မြင်တယ်။ ကုမ္ပဏီကဆိုရင်တော့ ကုမ္ပဏီက သူ့ရဲ့လုပ်ငန်း အောင်မြင်ဖို့အတွက် Operation လုပ်ရမယ်ဆိုတာ သူ့အနေနဲ့မြင်တယ်။ သို့သော်လည်းပဲ YBS က အများပိုင်စနစ်ကိုစတာလား၊ စုပေါင်းပြေးဆွဲတဲ့စနစ်ကိုစတာလား၊ ဒီမူဝါဒကိုလည်း အောက်ခြေအထိ တချို့ယာဉ်ပိုင်တွေ မသိကြသေးဘူး။ မသိကြသေးတဲ့အခါကျတော့ တစ်ဦးတစ်ယောက်ချင်း ယာဉ်ပိုင်ရှင်တွေကို ခေါ်ယူပြီးတော့ ဆွေးနွေးမယ်ဆိုရင် လိုချင်တဲ့ရလဒ်ကို ရလိမ့်မယ်လို့ ကျွန်တော် သုံးသပ်မိတယ်။

အပိုင်း(၁)အား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24276

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required