မန်းရွှေစက်တော် အတက်လမ်းကားမှောက် လူ ၁ ဦး သေဆုံး

မန်းရွှေစက်တော် အတက်လမ်းကားမှောက် လူ ၁ ဦး သေဆုံး

မန်းရွှေစက်တော်ဘုရားပွဲတော် ယနေ့ မတ်လ(၁၂)ရက် တပေါင်းလပြည်နေ့တွင် အထက်စက်တော် ရာအတက်လမ်း သုံးထပ်ဆောင်ဗိမ္မာန်အနီး ဘုရားဖူးယာဉ်(၁)စီး တိမ်မှောက်ကာ တစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိကြောင်း ကနဦး သတင်းရရှိသည်။

" တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားဖူး တော်တော်များတာပါ။ ကားတွေလည်း ပြည့်ကြပ်နေတယ်။ အခုဖြစ်တာက အထက်စက်တော်ရာအတက်လမ်း တောင်တွင်းကြီးက လိုက်ထရပ်ယာဉ် ဘုရားဖူးကားပါ၊  ဘုရားဖူး(၃၀)ကျော်လောက်ပါ ပါတယ် အတက်မှာ မတက်နိင်ဘဲ တုံးလုံးလဲသွားတယ်လို့ သိရပါတယ်"
 
"ပွဲချင်းပြီး တစ်ဦးသေဆုံးသွားပါတယ်။ နာမည်က ကိုကြည်ခိုင်(၃၈)နှစ်ပါ၊ နောက်(၆)ဦးက ဒဏ်ရာရကြတယ်  ကျား(၃)ဦး၊မ (၃)ဦးပါ၊ သူတိုထဲက အမျိုးသား တစ်ဦးကတော့ ပေါင်ရိုးကျိုးတဲ့ အနေထားမျိုးတွေ့ရပါတယ်။ ကျန်တာတွေကတော့ ပွန်းရုံပဲ့ရုံ သာမန်ဒဏ်ရာတွေ ရကြတာပါ ။ အခု မင်းဘူးဆေးရုံ ပို့ပေးထားပါတယ်၊ သေဆုံးသွားတဲ့သူကို မင်းဘူးနာရေးကူညီမှုကားနဲ့ ဒဏ်ရာရသူတွေကို ရွှေစက်တော်စျေးသည်များမိသားစု လှုဒါန်းထားတဲ့ လူနာတင်ယာဉ်နဲ့ ပို့ပေးထားပါတယ်" ဟု မင်းဘူး/စကုမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်က မဇ္ဈိမသို့ ပြောသည်။

ယာဉ်မောင်းနှင်နေသူမှာ ထွက်ပြေးနေပြီး အမှုဖွင့်ရန် လုပ်ဆောင်နေလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly