တရုတ်နိုင်ငံသို့ ခရီးသွားခြင်း သို့မဟုတ် တရုတ်အမျိုးသားကွန်ဂရက်အစည်းအဝေးပွဲသို့ တက်ရောက်ခြင်း(အပိုင်း ၁)

တရုတ်နိုင်ငံသို့ ခရီးသွားခြင်း သို့မဟုတ် တရုတ်အမျိုးသားကွန်ဂရက်အစည်းအဝေးပွဲသို့ တက်ရောက်ခြင်း(အပိုင်း ၁)

မတ်လ ၁၁ ရက် ။            ။ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ မီဒီယာ ခရီးစဉ်မှာ မဇ္စျိမသတင်းဌာနကိုယ်စား သွားရောက် လေ့လာခွင့်ရတဲ့အတွက် မိခင်အဖွဲ့အစည်း မဇ္စျိမကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့အနေဖြင့် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ခရီးစဉ်အတွေ့အကြံုတချို့ကို အားလုံးကို မျှဝေချင်ပါတယ်။

ပထမဆုံးခရီးစဉ် ၁ မတ်လ ၂၀၁၇ (ပေကျင်းမြို့)

China Foreign Languages Publishing and Distribution Development Ministry Bureau Office - ပထမဆုံး အနေဖြင့် ကျွန်တော်တို့အဖွဲ့တွေ ရာသီဥတုအခြေအနေနဲ့ စတင်ပြီး အခက်အခဲကြံုရပါတယ်။ ပေကျင်းမြို့ ပုံမှန်ရာသီဥတုက -၁ ကနေ ၈ ဒီဂရီထိ နေ့စဉ်ရှိပါတယ်။ ခရီးစဉ်ပထမနေ့မှာ ကျွန်တော်တို့ China Foreign Languages Publishing and Distribution Development Ministry Bureau အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်အစိုးရပိုင်မီဒီယာအနေနှင့် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ နိုင်ငံ ၂၀ ကျော်မှာ ဘာသာစကားပေါင်းစုံနှင့် မဂ္ဂဇင်းနှင့် တခြားစာတမ်းပြုစုတဲ့ စာအုပ်တွေ အဓိက လုပ်ဆောင်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ China ASEAN Report မဂ္ဂဇင်း အင်္ဂလိပ်၊ မြန်မာ၊ တရုတ်ဘာသာဖြင့် တလတစ်ကြိမ် ထုတ်ဝေသည့် မဂ္ဂဇင်းထုတ်လုပ်တဲ့ အဖွဲ့တွေနဲ့ တွေ့ပါတယ်။

အဆိုပါ ဌာနမှာ တရုတ်ပြည်ပြန်လည်ထူထောင်ခါစအချိန်မှ စတင်ပြီး ယခုအချိန်အထိ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို ပြသထားသည့် အဆောက်အဦတစ်ခုလည်းရှိပါတယ်။ ပြခန်းထဲမှာ တရုတ်နှင့် နိုင်ငံတကာချစ်ကြည်ရေးပုံများ၊ မီဒီယာနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်များ၊ လူထုခေါင်းဆောင်၏ ဆောင်ပုဒ်များ နှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ တရုတ်ခရီးစဉ်အတွင်းရိုက်ကူးထားသည့်ပုံများကို ဖော်ပြထားသည်ကိုလည်း တွေ့ရပါတယ်။

AIIB visit (ASEAN Infrastructure Investment Bank)

အာရှအခြေခံအဆောက်အဦးရင်းနှီးမြှုပ်နှံမှုဘဏ် - AIIP Bank သည် ကမ္ဘာ့ဘဏ်နည်းတူ အာဆီယံအဖွဲ့ဝင်များကို သိမ်းသွင်းပြီး သြဇာလွှမ်းမိုးနိုင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။ မြန်မာနိုင်ငံသည်လည်း ၄င်းဘဏ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာကိုလည်း သိရပါသည်။ AIIB ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ စတင်ခဲ့ခြင်းဖြစ်သည့်အတွက် သက်တမ်းအားဖြင့် နည်းသော်လည်း ၄င်းအဖွဲ့အစည်း၏ လုပ်ဆောင်ချက်မှာ ပြည်တွင်းအစိုးရအနေဖြင့် ထွင်းထွက်ပစ္စည်း ( ဥပမာ- ဂစ်-ရေနံ) များကို ၀ယ်ယူရာတွင် ကြားခံညှိနှိုင်းပေးသည့်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ မြန်မာမီဒီယာများအနေဖြင့် အဆိုပါအဖွဲ့အစည်းကို ကြားခံပွဲစားအဖွဲ့ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။ လောလောဆယ် အဖွဲ့ဝင်နိုင်ငံ ၅၀ ရှိသည်ဟုလည်းသိရပါသည်။

China Three Gorges Corporation Company Visiting

China Three Gorges ကုမ္မဏီသည် ကမ္ဘာပေါ်တွင် နာမည်အကောင်းနှင့် အဆိုးတွဲပြီး ကြော်ကြားနေသည့် အဖွဲ့အစည်းတခုလည်းဖြစ်ပါသည်။ သာမာန်အားဖြင့် ပြောရမည်ဆိုလျှင် တရုတ်နိုင်ငံကို ကမ္ဘာသိအောင် လုပ်ဆောင်သွားသည့် ကုမ္မဏီတစ်ခုလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးသော ယန်စီမြစ်ကိုဖြတ်ပြီး တည်ဆောက်ထားသည့် ရေကာတာကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများကို သြဇာလွှမ်းမိုးအောင် ပြုလုပ်ထားသည့်ကမ္မဏီလည်းဖြစ်သည်။ အဆိုပါ ရေကာတာတည်ဆောက်ရန်အတွက် နှစ်ပေါင်း တစ်ရာတိတိ အစီအစဉ်ဆွဲခဲ့ကြောင်းနှင့် ရေကာတည်ဆောက်ပြီးကာလ တရုတ်ပြည်သည် တရှိန်ထိုး တိုးတက်သွားသည်ကို သက်သေပြလိုက်သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။၊ အဆိုပါတွေ့ဆုံပွဲပွဲ ရေကာတာမှ ထွက်သည့် မီဂါ၀ပ်နှုန်းအားနှင့် ထုတ်လုပ်မှုပမာဏများအား တင်ပြခဲ့သည်။ ယခုလောလောဆယ်တွင် အဆိုပါကုမ္မဏီမှ မြန်မာနိုင်ငံတွင် တည်ဆောက်လျှက်ရှိသည့် မိုင်းတုံ သံလျှင်မြစ်ရေကာအား ကုမ္မဏီ သုံးခုပူးပေါင်းဆောက်လုပ်နေသည်ဟုလည်းသိရပါသည်။ အဆိုပါ ရေကာတာတည်ဆောက်မှုသည် အစိုးရနှင့် ကုမ္မဏီလုပ်ဆောင်မှုများသည် မီဒီယာနှင့် ပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုအဘယ်ကြောင့် မရှိသလဲဟု မဇ္စျိမှ မေးမြန်းမှုအပေါ် ကုမ္မဏီဘက်မှ အဆိုပါ ဆောက်လုပ်ဆဲ ရေကာတာသည့် စစ်အစိုးရလက်ထက်ကတည်းက ထိန်းချုပ်ထားသည့်အတွက် ပွင့်လင်းမြင်သာမှု မရှိဟု ဖြေဆိုခဲ့သည်။

4 March 2017(Beijing, China)

Forbidden City နောက်ဆုံးဘုရင် နန်းတည်ခဲ့သည်နန်းတော်သို့ လည်ပတ်ခြင်း Forbidden City နန်းတော်သည် တရုတ်နိုင်ငံ သမိုင်းရာဇဝင်ကားတွင်   တော်တော်များများ   ဖော်ပြသည်ကို တွေ့မြင်ဖူးကြပေလိမ့်မည်။ အဆိုပါ နန်းတော်ကို ၁၉၂၂ ခုနှစ်တွင် ပြန်လည်ပြုပြင်ပြီး ယခုအခါတွင် လူအများဆုံးလာရောက်သည့် ပြတိုက်နန်းတော်တခုအဖြစ် ကမ္ဘာကျော်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လာရောက်လည်ပတ်သူ 16,000,000 သိန်းဖြင့် ကမ္ဘာ့လည်ပတ်သူ ဦးရေအများဆုံးနေရာအဖြစ် စံချိန်တင်ခဲ့သည်။ နေ့စဉ်လာရောက်လည်ပတ်သူ တစ်သိန်းကျော်ရှိပြီး လူဦးရေများပြားသည့်အတွက် မကြာသေးခင်က အစိုးရမှ လူဦးရေ တစ်ရက်လျှင် ၈ သောင်းအထိသာ ၀င်ရောက်ခွင့်ပေးခဲ့သည်။ ထိုနန်းတော်သို့ ၀င်ရောက်ရန်အတွက် တစ်ဦးလျှင် ၀င်ကြေး မြန်မာငွေ ၂ သောင်း ခန့် ပေးဆောင်ရပြီး ခရီးသွားလုပ်ငန်းတွင် နိုင်ငံ၏ ၀င်ငွေအများဆုံးနေရာအဖြစ် စံချိန်တင်ခဲ့သည်ဟု သိရပါသည်။ လုံခြံုရေးအများဆုံးချထားသည့် နေရာတစ်ခုဖြစ်ပြီး ရေ နှင့် မီးခြစ်များ ယူဆောင်ခွင့်မပြုဘဲ လုံခြံုရေး တင်းကြပ်သည့်နေရာလည်းဖြစ်သည်။

4 March 2017, Visiting to Grate Wall (Beijing, China)

Grate Wall သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် နာမည်ကျော်သည့် မဟာတံတိုင်းကြီးတစ်ခုလည်း ဖြစ်သည်။ နှစ်ပေါင်းထောင်ချီကတည်းက တရုတ်မင်းအဆက်ဆက်မှ မြင်းစီးကျွမ်းကျင်သည့် မွန်ဂိုလူမျိုးများ မြောက်အရပ်သို့ ခရီးဆက်သည့်အချိန်တွင် တရုတ်နိုင်ငံအင်ပါယာကြီးကို ကာကွယ်ရန်အတွက် ဘုရင်မင်းအဆက်ဆက်မှ နှစ်ပေါင်းထောင်ချီပြီး တည်ဆောက်ခဲ့သည့် တံတိုင်းကြီးတစ်ခုလည်းဖြစ်သည်။

စစ်သုံ့ပန်းများနှင့် ကျွန်များကို များစွာ သေကြေခဲ့သည့် တံတိုင်းကြီးတစ်ခုအဖြစ်လည်း ကျော်ကြားခဲ့သည်။ မဟာတံတိုင်းကြီးကို ၁၉၈၇ ခုနှစ်တွင် ပြန်လည်မွမ်းမံပြုပြင်ခဲ့ပြီး အရှည် မိုင်ပေါင်း ၅၅၀၀.၃ မိုင်ရှိပြီး UNESCO လက်အောက်တွင် တည်ရှိသည့် သမိုင်းဝင် အဆောက်အဦလည်း ဖြစ်သည်။ မဟာတံတိုင်းကြီးသည် တရုတ်နိုင်ငံ Shanhaiguan မြို့တွင် အစပြုပြီး Heibei ပြည်နယ် နှင့် ကီလိုမီတာ ၃၀၀ ကျော် အရှေ့ဘက်ခြမ်းရှိ ပေကျင်းမြို့တွင် အဆုံးသတ်သည်။ အဆိုပါ တံတိုင်းကြီးကို နှစ်စဉ် လူဦးရေ ၁၀ သန်းကျော် လာရောက်လည်ပတ်ကြောင်း သိရှိရပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း ထိမ်းသိမ်းသူမဲ့ အဆိုပါ မဟာတိုင်းကြီး၏ ရှေးဟောင်းအုတ်များအား တရုတ်လူမျိုးများက သယ်ဆောင်ပြီး အိမ်များဆောက်လုပ်မှုကြောင့် ရှေးဟောင်းရိုးရာအမွေအနှစ်များ ဆုံးရှုံးသွားခဲ့ကြသည်။

5 March 2017 (တရုတ်နိုင်ငံ အကြီးဆုံး ဖြစ်သည့် တရုတ်အမျိုးသားကွန်ဂရက်အစည်းအဝေးပွဲသို့ တက်ရောက်ခြင်း။ NCP (The National Peoples’ of the people Republic of China)

အဆိုပါအစည်းအဝေးကြီးသည် တရုတ်တစ်နိုင်ငံလုံးအတွက် အရေးကြီးသည့်အစည်းအဝေးဖြစ်သည့်အလျှောက် တရုတ်နိုင်ငံရှိ ထိပ်သီးဆောင်များနှင့်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူငယ်ဦးဆောင် အားကစားသမားများနှင့် အနုပညာရှင်များစွာတက်ရောက်ကြပြီး ရာချီသည့် သတင်းမီဒီယာများတက်ခွင့်ရခဲ့သည်။ အဆိုပါ မီဒီယာများထဲတွင် မြန်မာနိုင်ငံမှ မီဒီယာများလည်း ပါ၀င်ကြသည်။ အစည်းအဝေးကြီး၏ ထူးခြားချက်မှာ တရုတ်နိုင်ငံ တိုးတက်ရေးအတွက် အနာဂတ်လုပ်ဆောင်ချက်များကို အဓိက ဆုံးဖြစ်ပေးသည့် အရေးပါသော အစည်းအဝေးတခုလည်းဖြစ်သည်။ တရုတ်နိုင်ငံ တိုးတက်ရေးကို အပြောင်းအလဲလုပ်ပေးနိုင်ငံသည့် အစည်းအဝေးတခုလည်းဖြစ်သည်။ အစည်းအဝေးတွင် သတင်းယူရာတွင် လုံခြံုရေးစနစ်နှင့် သတင်းယူသည့် ပုံစံသစ်များကို လေ့လာခွင့်ရသလို ကမ္ဘာ့က စောင့်ကြည့်သည့် ထိပ်သီးအစည်းအဝေးသို့ မဇ္ဈိမသတင်းဓာတ်ပုံသတင်းထောက်အနေဖြင့် သွားရောက်ခွင့်ရသည့်အတွက် အထူးအခွင့်အရေးတစ်ခုဖြစ်သည်။ အစည်းအဝေးသို့ လူငယ်များအတွက် ရှေ့ဆောင်ပုဂ္ဂိုလ်များဖြစ်ကြသည့် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်းအပါအဝင် ယခင်တရုတ်နိုင်ငံ ဘတ်စကတ်ဘော ချန်ပီယံ (ယခု နိုင်ငံကိုယ်စားပြု ဘတ်စကတ်ဘော အသင်းဥက္ကဋ္ဌ နှင့် ကိုယ်ပိုင်ဘတ်စကတ်ဘော ကို ပိုင်ဆိုင်ထားသည်) တရုတ်နိုင်ငံ အရပ်မြင့်လူသား Yao Ming နှင့် တရုတ်နိုင်ငံ အိုလံပစ် ရွှေတံဆိပ်ဆုရှင် Chen Ding တို့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required