မက္ကဆီကိုမှာ သတ်ဖြတ်ခံရတဲ့ရုပ်အလောင်း ၂၀၀ ကျော်ရှိ သချင်္ုိင်းအား တွေ့ရှိ

မက္ကဆီကိုမှာ သတ်ဖြတ်ခံရတဲ့ရုပ်အလောင်း ၂၀၀ ကျော်ရှိ သချင်္ုိင်းအား တွေ့ရှိ

မက္ကဆီကိုစီးတီး၊ မတ် ၁၁ ။                ။ မက္ကဆီကိုနိုင်ငံက ဗီရာခရုဇ်ပြည်နယ်မှာ လူသေအလောင်း ၂၄၀ နီးပါးရှိတဲ့ သင်္ချိုင်းကို တွေ့ရှိကြောင်း ဌာနေသတင်းက မတ် ၁၀ ရက်မှာ ဖော်ပြပါတယ်။

သတ်ဖြတ်ခံရတဲ့ သေဆုံးသူအများစုက အသက် ၁၄ က ၂၅ နှစ်ကြားက အများဆုံးဖြစ်တယ်လို့ သတင်းမှာ ဖြည့်စွက်ဖော်ပြပါတယ်။

TeleSur မီဒီယာဖော်ပြချက်မှာ ကိုလီနာဒီဆန်တာဖီအရပ်ဒေသမှာ သင်္ချိုင်းမြေပုံပေါင်း ၁၁၇ ခု တူးဖော်တွေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ တွေ့ရှိတဲ့ရုပ်အလောင်းအများစုက ဦးခေါင်းမဲ့ ရုပ်အလောင်းတွေဖြစ်ကြောင်း သိရပါတယ်။

ဗီရာခရုဇ်ပြည်နယ်ဟာ ရာဇဝတ်မှုအလွန်တရာ ထူပြောခြင်းကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြည်နယ်ဖြစ်ပါတယ်။ မူးယစ်မှောင်ခိုမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ရာဇဝတ်မှုခင်းတွေကြား ၂၀၁၀ ကစတင်ပြီး ပျောက်ဆုံးနေသူပေါင်းက ရ၂၀ နီးပါးရှိနေပါတယ်။

ကိုလီနာဒီဆန်တာဖီအရပ်ကို ရာဇဝတ်သမားတွေက လူသတ်မြေမြုပ်ရာ သင်္ချိုင်းမြေအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ ပျောက်ဆုံးပြည်သူတွေကို ရှာဖွေရေး ကူညီလုပ်ဆာင်ပေးနေတဲ့ Solecito Collective အဖွဲ့က ၂၀၁၆ သြဂုတ်ကစပြီး ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required