ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ကိန်း၊ ဂွါဒီယိုလာ၊ ဟာဇက်တို့ အသီးသီးဆွတ်ခူး

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ကိန်း၊ ဂွါဒီယိုလာ၊ ဟာဇက်တို့ အသီးသီးဆွတ်ခူး
(ဓာတ်ပုံ - ပရီးမီးယားလိဂ်)

စပါးတိုက်စစ်မှူး ဟာရီကိန်း၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာနှင့် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်တို့ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို အသီးသီးဆွတ်ခူးခဲ့ပါတယ်။

ဟာရီကိန်းဟာ ပရီးမီယားလိဂ် ၃ပွဲမှာ ၄ ဂိုးသွင်းယူခဲ့ပြီး ဇန်နဝါရီလက အကောင်းဆုံးကစားသမားဆုရခဲ့သူ အလီပြီးနောက် ဒုတိယမြောက် ရရှိတဲ့ စပါးကစားသမားဖြစ်လာပါတယ်။

အသက် ၂၃ နှစ်ရွယ်ကစားသမားဟာ အိမ်ကွင်းမှာ စတုတ်စီးတီးကို (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာအပါအဝင် ဖေဖော်ဝါရီလ ၄ ရက်က မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပင်နယ်တီတစ်လုံး သွင်းယူခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ လိဂ်ပွဲ ၃ ပွဲလုံး အနိုင်ရရှိခဲ့ပြီး ၈ ဂိုးသွင်းယူခဲ့သလို ၁ ဂိုးသာ ပြန်ပေးရတာကြောင့် ဖေဖော်ဝါရီလတွက် အကောင်းဆုံးကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဝက်စ်ဟမ်းကွင်းမှာ ၄-၀ ဂိုး၊ အိမ်ကွင်းမှာ ဆွမ်ဆီးကို ၂-၁ ဂိုး၊ ဘုန်းမောက်အိမ်ကွင်းမှာ ၂-၀ ဂိုးတွေနဲ့ နိုင်ပွဲတွေ ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နွေရာသီက ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့တဲ့နောက်ပိုင်း ဒီဆုကို ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ် သြဂုတ်မှာ ဒီဆုကိုရရှိခဲ့တဲ့ နည်းပြဟောင်း မယ်နျူရယ်ပယ်လီဂရီနောက်ပိုင်း ပထမဆုံးအကြိမ်ရရှိတဲ့ မန်စီးတီးနည်းပြလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလရဲ့ အကောင်းဆုံးသွင်းဂိုးကို ရွေးချယ်ရာမှာ ချယ်လ်ဆီးက အာဆင်နယ်အသင်းကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာဇက် လှလှပပသွင်းယူခဲ့တဲ့ ဂိုးကို ရွေးချယ်ခဲ့ပါတယ်။ အဆိုပါဆုကို နိုဝင်ဘာလက စပါးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ပက်ဒရိုက ရရှိခဲ့ပြီးနောက် ဟာဇက်ဟာ ဒီရာသီ အကောင်းဆုံးသွင်းဂိုးဆုရရှိတဲ့ ဒုတိယမြောက် ချယ်လ်ဆီးကစားသမားဖြစ်ပါတယ်။

Ref; Premier League

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required