မြန်မာပြည်မှ အဆိုပြိုင်ပွဲများတွင် Voting System ကို သေချာလုပ်စေချင်တဲ့ အိမ့်ချစ်

မြန်မာပြည်မှ အဆိုပြိုင်ပွဲများတွင် Voting System ကို သေချာလုပ်စေချင်တဲ့ အိမ့်ချစ်

မတ်လ ၉ ။             ။ လတ်လောတွင် မြန်မာပြည်တွင်း၌ နိုင်ငံခြားမှ Franchise ယူထားသည့် အဆိုပြိင်ပွဲများ နာမည်ကြီးနေသလို အားလုံး၏ စိတ်ဝင်စားမှုနှင့် အဝေဖန်ခံရမှု အများဆုံးက မဲပေးရွေးချယ်တဲ့ပုံစံ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှ အဆိုပြိုင်ပွဲများတွင် ကျင့်သုံးနေသည့် Voting System နှင့်ပတ်သက်၍ The X Factor Myanmar တွင် ဒိုင်အဖြစ် ပါ၀င်ဆောင်ရွက်ဖူးသည့် တေးသံရှင်အိမ့်ချစ်ကို မဇ္စျိမမှ မေးမြန်းဖြစ်ခဲ့ပါတယ်။

“ဒီဘက်မှာပိုပြီးတော့ အခွင့်အရေးပေးထားတာမျိုးလည်း မဖြစ်စေချင်ဘူး။ Voting System နဲ့ပတ်သတ်ပြီးတော့ အဲဒီလိုတိတိကျကျ သေသေချာချာလေး Franchise ယူတဲ့အတိုင်း သူတို့ရဲ့ System အတိုင်း ကိုယ်လည်းသွားမယ်ဆိုရင်တော့ ဘာမှလက်ညှိုးထိုးစရာမရှိတော့ဘူးပေါ့နော်။ ဟိုမှာလည်းဒီအတိုင်းလုပ်တယ် ဒီမှာလည်းဒီအတိုင်းလုပ်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ ညီမကတော့အဲဒီလိုမျိုးလေးပဲဖြစ်စေချင်ပါတယ်။ကျန်တာတော့ထွေထွေထူးထူးပြောစရာမရှိပါဘူးရှင့်” လို့ ပြောပါတယ်။

The X Factor Myanmar Season 2 အစီအစဉ်မှာ မကြာခင်ပြန်လည်စတင်တော့မည် ဖြစ်တဲ့အတွက် အိမ့်ချစ်အနေဖြင့် Season 2 တွင် ဒိုင်လုပ်ရန် အစီအစဉ်ရှိမရှိကို မေးကြည့်သည့်အခါ ဒိုင်လုပ်ရန်အစီအစဉ်မရှိလို့ ပြောလာပါတယ်။

“မရှိပါဘူးရှင့် လောလောဆယ်တော့။ ဘာကြောင့်လဲဆိုတော့ အိမ့်ချစ်ရဲ့ အင်္ကျီထွက်တဲ့ကိစ္စတွေရော ၊ နောက်ပြီးတော့ “အိမ့်ချစ်ဟုခေါ်သည်” အခွေကို MTV ရိုက်ရမှာရော ပွဲတွေနဲ့ရောဆိုတဲ့ အတွက်ကြောင့် နောက်ထပ် ဒီ Judge လုပ်ရတဲ့ အစီအစဉ်ကလေ၊  အချိန်ကိုအပြည့် သူတို့အတွက် ပေးထားရတာဆိုတော့လေ အဲဒီလိုမျိုး အခုအချိန်မှာပေးဖို့ အဆင်မပြေတဲ့အတွက်ကြောင့် ဒီတစ်ခေါက် Season 2 မှာ မလုပ်ဖြစ်ပါဘူးရှင့်” လို့ ပြောပါတယ်။

ယခုလက်ရှိတွင် အိမ့်ချစ်က “အိမ့်ချစ်ဟုခေါ်သည်” MTV ရိုက်ကူးရန်ပြင်ဆင်နေပြီး ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုဖြင့် အဝတ်အထည်တွေ ရောင်းချနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly