Shop.com.mm

ကမ်းခြေလို့ကြားလိုက်တာနဲ့ သူတို့ရဲ့ခံစားမှုက

.

ပွင့်လင်းရာသီရောက်လာပြီဆိုတာနဲ့ လူတိုင်းနီးပါး ခရီးထွက်ဖြစ်ကြပါတယ်။ အခုလို ကျောင်းပိတ်ရက်များတဲ့ အချိန်တွေနဲ့ ပူအိုက်တဲ့နွေရာသီတွေမှာတော့ အများအားဖြင့် ကမ်းခြေကို အပန်းဖြေခရီးထွက်ကြပါတယ်။ ကမ်းခြေလို့ပြောလိုက်တာနဲ့ အားလုံးက ပင်လယ်ကြီးကို မြင်ယောင်ပြီး လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ပါးပါးနဲ့ စိတ်တွေလန်းဆန်းပြီး ပျော်ရွှင်လာကြပါတယ်။ ဒါ့ကြောင့် အနုပညာရှင်တစ်ချို့ရဲ့ ကမ်းခြေနဲ့ပတ်သက်တဲ့ ခံစားမှုတွေကို မဇ္ဈိမ TV အဖွဲ့သားတွေက မေးကြည့်တဲ့အခါ။

အဆိုတော် ဟဲလေး

ကမ်းခြေကတော့ အရောက်ပေါက်တော့ နည်းတယ်။ ဒါပေမယ့် ကြိုက်ပါတယ်။ မိသားစုနဲ့ပဲလာဖြစ်တာ။ ဒါပထမဦးဆုံးအကြိမ်ပေါ့နော်။ Local ထဲက ကမ်းခြေကို လာတာဆိုရင် ပထမဆုံးအကြိမ်ပေါ့။ အဓိက,ကတော့ အစ်ကိုက အသားအရေကို ထိန်းသိမ်းတဲ့အတွက်ကြောင့် သိပ်မလာပါဘူး ကမ်းခြေကို။

သရုပ်ဆောင်အဆိုတော် ဝါဆိုမိုးဦး

ပျော်တယ်။ ဝါဆိုက ကမ်းခြေဆိုအရမ်းကြိုက်တာ။ Beach ဆို အမြဲတမ်းသွားတယ်။ မိသားစုနဲ့ပဲဖြစ်ဖြစ်သွားတယ်။ နောက် အခုလည်း အလုပ်လေးနဲ့လာရတော့ ပိုပြီးပျော်တာပေါ့နော်။ အလုပ်ပြီးတော့လည်း ကိုယ်က အေးအေးဆေးဆေးအနားယူပေါ့။ အခုလည်း အခွေထွက်ထားတာ မကြာသေးတော့ အနားယူမလို့ပေါ့။ အခွေလုပ်နေတာ တော်တော်ကြာပြီဆိုတော့ စိတ်ရောလူရော ဒီအခွေထဲမှာပဲ နစ်နေတော့လေ အခုမှ နည်းနည်းအနားယူရမှာပေါ့။

အဆိုတော် ဖြိုးပြည့်စုံ

အရမ်းကို လွတ်လပ်ပေါ့ပါးပြီးတော့ ကြည်နူးပါတယ်။ နောက်ပြီးတော့ လေကောင်းလေသန့်တွေ အများကြီးရတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိက,ကတော့ ကျွန်တော်ကရေကြောက်တယ် တကယ့် တကယ့်ကတော့။ ရေထဲ မဆင်းရဲဘူးပေါ့နော်။ ရေလည်း မကူးတတ်ဘူးဆိုတော့။ ဒီဟိုတယ်က ရေကူးကန် ဒါမှမဟုတ် ကမ်းစပ် ဒီလောက်လောက်မှာပဲ လမ်းလျှောက်တာ ရေစိမ်တာ ရေနဲ့ထိတွေ့တာ လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရေကြောက်တဲ့စိတ်ရှိတဲ့ လူတစ်ယောက်တောင်မှ အရမ်းလွတ်လပ်ပေါ့ပါးပါတယ်။ ပျော်ရွှင်ပါတယ်။

အဆိုတော် အိမ့်ချစ်

အိမ့်ချစ် Beach ကို ပျော်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ မတ် ၊ ဧပြီ ၊ မေ ဒီသုံးလက အမြဲတမ်း Beach ကိုအမြဲတမ်းလာရတယ်။ Beach မှာ ပွဲတွေလုပ်တယ်။ အိမ့်ချစ် အခုလည်း K Resort ကို ချောင်းသာကနေ ကူးလာတာပါ။ ချောင်းသာမှာ အိမ့်ချစ်တို့ ကုမ္ပဏီတစ်ခုရဲ့ Staff Party လေးတစ်ခုလုပ်တယ်။ လုပ်ပြီးတော့ ဒီကိုရောက်လာတာ။ ဒီလထဲမှာပဲ နောက်ထပ်လေးရက်ဆက်တိုက် အိမ့်ချစ်ငွေဆောင်ကိုလာရဦးမယ်။ Staff Party တွေပဲ။ တစ်ပွဲနဲ့တစ်ပွဲမတူဘူး။ ဒါပေမယ့် ဆက်တိုက်ဖြစ်နေတာပေါ့နော်။ အဲဒီလိုမျိုးလေးတွေ ပျော်ရတာပေါ့။

အဆိုတော် သရုပ်ဆောင် ဇွဲပြည့်

ပျော်တယ်။ ကိုယ့်စိတ်ထဲမှာ အရမ်းပင်ပန်းနေတယ်။ အရမ်းဆက်တိုက်အလုပ်တွေ လုပ်ထားရတဲ့ အခြေအနေမှာ ကမ်းခြေရောက်လာတာ စိတ်အရမ်းလန်းဆန်းသွားတယ်။