မိုးကြီးမည့်သတိပေးချက်

မိုးကြီးမည့်သတိပေးချက်

ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀) နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား ကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ ယနေ့မွန်းလွဲမှ နောက်(၃)ရက်အတွင်း အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်းမိုးရေချိန်(၃)လက်မ(၇၇-မီလီမီတာ)နှင့် အထက် ရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၂၄)နာရီအတွင်း မိုးရေချိန်(၁)လက်မခွဲ (၃၈-မီလီမီတာ) နှင့် အထက် ရွာသွန်းနိုင်ပါသည်။

သို့ဖြစ်ပါ၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။

Ref - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly