ကြက်သွန်နီ အစို တစ်ပိသာကို ကျပ် ၈၀၀အထိ စျေးပေါက်

ကြက်သွန်နီ အစို တစ်ပိသာကို ကျပ် ၈၀၀အထိ စျေးပေါက်

မြိုင်၊ မတ်လ ၈ ။             ။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်က ကြက်သွန်နီအစို တစ်ပိသာ ၄၂၀ခန့်သာစျေးရှိသော်လည်း ယခုနှစ်တွင် တစ်ပိသာ ၈၀၀အထိ ပေါက်စျေးရှိနေကြောင်း စုံစမ်းသိရသည်။
မြိုင်မြို့နယ် မြောက်ဖျား ယမာချောင်းတွင် စိုက်ပျိုးကြသော ဇော်မွားမျိုးသည် တစ်ဧက ပိသာ ၃၀၀၀မှ ၄၀၀၀ အထိ ထွက်သဖြင့် တစ်ပိသာ ၈၀၀ကျပ် ပေါက်သဖြင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေနေကြောင်း ကျောင်းရပ်ရွာမှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။

“ ယခု​ဖော်​​နေတာက ​ဇော်​မွှားမျိုး​ပေါ့။ တစ်​ဧကကို ပိဿာ ၃၀၀၀ မှ ၄၀၀၀ လောက် ထွက်တယ်။ အစိုတစ်ပိဿာ ၈၀၀နဲ့ ဖောက်သည်သွင်းရတော့ အဆင်ပြေပါတယ်” ဟု ကျောင်းရပ်ရွာမှ ကြက်သွန်စိုက်တောင်သူ ဦးဌေးကြိုင်က ပြောသည်။

မြိုင်ဒေသတွင် ကြက်သွန်နီကို ပျိုးပင်မျိုးနှင့် ဇော်မွားမျိုးနှစ်မျိုး စိုက်ပျိုးကြပြီး ဇော်မွားမျိုးမှာ ကြက်သွန်နီဥသေးများကို စိုက်ပျိုးခြင်းဖြစ်ကာ နတ်တော်လမှ စတင်စိုက်ပျိုး၍ တပေါင်းလတွင် ဖော်လေ့ရှိသည်။ ပျိုးပင်မျိုးမှာ တန်းခူးတွင်ပေါ်မည်ဖြစ်သည်။

မြိုင်ဒေသတွင် ကြက်သွန်နီပေါက်စျေးမှာ ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်နီးပါးတက်ပြီး စျေးပေါက်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required