အမျိုးသမီးတို့ ပြောင်းလဲဖို့အတွက် ရဲရင့်ကြပါစို့

အမျိုးသမီးတို့ ပြောင်းလဲဖို့အတွက် ရဲရင့်ကြပါစို့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အတွက် နယ်ပယ်စုံမှာ အောင်မြင်နေကြသော မြန်မာအမျိုးသမီးများရဲ့ စကားသံများ

မဇ္စျိမ တီဗီ ကို ကြည့်ရှုနေကြတဲ့ ပရိသတ်များအားလုံးပဲ  မင်္ဂလာပါ။

ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ Be Bold For Change ပဲ ဖြစ်ပါတယ်။

နည်းပညာတိုးတက်မှုနဲ့အတူ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေမှာ အမျိုးသမီးတွေအနေနဲ့  အရင်ခေတ်တွေကထက် နယ်ပယ်စုံမှာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်ဖို့  အခွင့်အလမ်းတွေ ပိုများလာခဲ့ပါပြီ်။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ အမှန်တကယ်ပြောင်းလဲဖို့အတွက် ရဲရင့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

အဲဒီလိုရဲရင့်ဖို့အတွက် အခက်အခဲကြားထဲက ရုန်းကန်နေရတာတွေကို နယ်ပယ်စုံက မြန်မာအမျိုးသမီးတွေရဲ့ စကားသံတွေနဲ့အတူ  မဇ္စျိမက တင်ဆက်သွားမှာဖြစ်ပါတယ်။

မဝေသစ်လွင် (Founder of abc beauty)(Managing Director of abc Convenience Store)

ကျွန်မ မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ ဘာဖြစ်လို့ ဂုဏ်ယူလဲဆိုတော့ မြန်မာပြည်မှာ မိန်းမတွေကိုက Discrimination( ခွဲခြားဆက်ဆံခြင်း) ၊ Discrimination ဆိုတာက ဖိနှိပ်ထားတဲ့ဟာ အရမ်းမရှိဘူး။ ဒါပေမယ့် မြန်မာမိန်းကလေးတွေမှာ မမြင်ရတဲ့ကောင်းကင်တစ်ခုတော့ ရှိတယ်။ မမြင်ရတဲ့ မျက်နှာကျက်တစ်ခုတော ့ရှိတာပေါ့နော်။ ဒါပေမယ့် မြန်မာမိန်းမတွေ အရမ်းတော်တယ်ဆိုတာကို ကျွန်မ တစ်သက်လုံး ခံစားခဲ့ရတယ်။ ကျွန်မ အမေ၊ ကျွန်မ အဖွား ဒီလိုခံစားရတယ်။ဒါကြောင့် မြန်မာမိန်းမဆိုရင် အရမ်းဂုဏ်ယူတယ်။ နောက်တစ်ခု ကျွန်မတို့မြင်ရမှာကြတော့ မြန်မာပြည်ကိုပြောင်းလဲခဲ့တာ မြန်မာမိန်းမတစ်ယောက်က ပြောင်းလဲခဲ့တာ။အခု နိုင်ငံတော်အကြီးအကဲပေါ့နော် အန်တီစု ဆိုရင် She is different ၊ သူက ဘယ်သူနဲ့မှ မတူဘူး။ ပြီးရင် သူ့ယုံကြည်မှု၊ သူ့ယုံကြည်မှုဆိုတာက ဒီဟာက လူတွေကို အကျိုးပြုမယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကို မဖြစ်လာမချင်း Give up မလုပ်သွားဘဲ ဆက်ကြိုးစားတယ်ပေါ့နော်။ နောက် မြန်မာမိန်းမတစ်ယောက်ကြောင့်မို့လို့ မြန်မာပြည်ကြီးက ပြောင်းလဲလာတယ်။ တိုးတက်ပြောင်းလဲလာတယ်။ ဒီဟာသည် မြန်မာမိန်းမတစ်ယောက်ဟာ ဘယ်လောက်တော်တယ်။ ဘယ်လောက်စွမ်းအားရှိတယ်ဆိုတာကို အန်တီစုက သက်သေပါပဲ။ မြန်မာပြည်မှာ မိန်းမ ၂၇သန်းခွဲရှိပါတယ်။ ဒါက Official Statistics အနေနဲ့ ၂၇သန်း ၄သိန်းရှိတယ်ပေါ့။ မြန်မာမိန်းမတိုင်းသည်သာ အန်တီစုလို ဆိုလို့ရှိရင် မြန်မာပြည်က ချက်ချင်းတိုးတက်ပြောင်းလဲသွားမှာပေါ့။

မဟန်နီမြဝင်း (CEO  & Co-Founder) (Chate sat.com)

အဓိကက ITနည်းပညာလောကမှာ ဆိုရင်လည်း ဒီကွန်ပျူတာကျောင်းမှာဆိုရင်လည်း မိန်းကလေးတွေများတယ်။ဒါပေမဲ့ အဓိကက အကုန်လုံးက အလုပ်ခွင်ဝင်တဲ့အခါကျတော့ နှစ်မျိုးကွဲသွားတယ်ပေါ့နော်။ တစ်ချို့ကျတော့ ITနဲ့ မဟုတ်တဲ့ Area တွေကို ရောက်သွားတယ်ပေါ့နော်။တစ်ချို့ကတော့ ITနဲ့ ပတ်သတ်တဲ့ ဒီလို Software Engineering ဘာညာ အဲ့ပိုင်းတွေမှာတော့ ရှိကြတယ်။ဒါပေမယ့် Leading Roleကို မရောက်လာဘူး။ မိန်းကလေးဖြစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ဦးဆောင်ရတော့မယ့်အခါကြရင် သူတို့ကို ထည့်သွင်း မစဉ်းစားပေးတာမျိုးတွေပေါ့နော်။ အဲ့လိုမျိုးတွေဖြစ်တဲ့အခါကြတော့ အပေါ်ပိုင်းကို ရောက်လာတာမျိုးတွေ နည်းတယ်။ ဒီလောကမှာတော့ ရှိကြတယ်။ Leading Role ရောက်လာတာကတော့ နည်းတယ်။ အဲ့ဒါကြောင့် ဒီလိုမျိုးတစ်ခုခုကို ဦးဆောင်ပြီးတော့ အဲ့လိုမျိုး အမျိုးသမီးက ဦးဆောင်တာမျိုး ဒီထက် ထပ်ပြီး ရှိသင့်တယ်လို့ ထင်တယ်ရှင့်။

အဓိကဆိုတော့ မိန်းကလေးဆိုတော့ သူတို့က အလျှော့ပေးတာမျိုး။ ပြီးတော့ ကူညီတာတော့ ကူညီတာပဲ။ ဒါပေမဲ့ မိန်းကလေးဖြစ်တဲ့အပေါ်မှာ သူတို့က ဒါမျိုးဆို မလုပ်နိုင်လောက်ဘူးလို့ ထင်ပြီးတော့ ပေါ့နော်။ အမှန်တကယ်ဆို ကိုယ်လုပ်နိုင်တယ်။ ဒါပေမဲ့ သူတို့ဘက်က ဒါကို Expect လုပ်တာ နည်းနည်း နည်းတယ်။

မဝင်းဇာနည်အောင်(Deputy chief reporter, Myanmar National TV)

အစ်မတို့က သတင်းထောက်ဆိုတော့ပေါ့နော်။ အဓိကကတော့ ကျွန်မတို့ လုပ်ငန်းတွေက အများအားဖြင့် နေ့ညမခွဲဘူးပေါ့နော်။အဲအခါကြတော့ ကျွန်မတို့ ညဘက်တွေဘာတွေမှာ သွားရတဲ့အခါတွေရှိတယ်။ ဒီလိုမျိုးသွားရတဲ့အခါမှာဆိုရင် ပြန်လာတဲ့အခါမှာ လိုက် စတာခံရတာတို့၊ တက္ကစီငှားတဲ့အခါမှာ တက္ကစီသမားတွေက တစ်မျိုးထင်တာခံရတာတို့၊ တက္ကစီပေါ်မှာ စတာတို့ ဒါမျိုးတွေကြံုတွေ့ရတယ်။ ဒါတွေက တကယ်ဆို တရားဥပဒေစိုးမိုးရေးပိုင်းမှာ သေသေချာချာလေးသာ လုပ်ပေးခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီကိစ္စတွေဘက်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာမလိုဘူး။ အဓိကကတော့ ကျွန်မတို့က ဒီလက်တွေ့နယ်ပယ်မှာ လုပ်ရဲတယ်။ ရင်ဆိုင်ရဲတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီလိုပြဿနာတွေ ရှိလာတဲ့အခါကျတော့ ကျွန်မတို့ လုပ်ရဲကိုင်ရဲပေမယ့်လည်း ဒါက ကျွန်မတို့ကို ကြောက်စိတ်ဖြစ်စေတဲ့အခါကြတော့ တစ်ခါတလေကြရင် ကိုယ်ကအရမ်းလုပ်ချင်တယ်။ ညဘက် မို့လို့ ဒီလိုဖြစ်နိုင်ချေရှိတာတွေအကုန်လုံးကို ရှောင်လိုက်ရတဲ့ အနေအထားဖြစ်သွားတာပေါ့နော်။ ဒါက ကျွန်မ လက်တွေ့ရင်ဆိုင်ရတဲ့ အခက်အခဲတွေပါ။

အဓိက အားဖြင့်ကတော့ ကျွန်မ စိတ်ထဲမှာ ခံယူထားတာ တစ်ခုရှိတယ်။ ဒါကဘာလဲဆိုရင် ကျွန်မတို့သည် လုပ်နိုင်တယ်၊ လုပ်နိုင်တယ်ဆိုတာက ဘယ်နေရာပဲဖြစ်ဖြစ် ဒီတစ်ခုကို စိတ်ထဲမှာတော့ ငါမလုပ်နိုင်လောက်ဘူးလို့ ထင်ထားပေမယ့် တကယ့်တကယ် ဒီဟာကိုကျော်အောင် သွားတွေ့ကြည့်ပါ။ တကယ်ကျွန်မတို့ ဖြေရှင်းနိုင်တယ်ပေါ့နော်။ အဲဒီအခါကြတော့ တစ်ခုခုဆိုရင် ငါမလုပ်နိုင်ဘူးလို့ မတွေးစေချင်ဘူး။ တစ်ခုခုဆိုရင် ငါလုပ်နိုင်တယ်။ ဒီကိစ္စကို ငါဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့စိတ်မျိုး တွေးပြီးတော့လုပ်မယ်ဆိုရင် အရာအားလုံးအောင်မြင်ပါတယ်။ ပြီးတော့ ကျွန်မစိတ်ထဲမှာတွေးထားတာဆိုရင် တစ်ခုခုဆိုလို့ရှိရင် ငါဒီဟာကို အောင်မြင်အောင် လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့စိတ်ထားတဲ့အခါမှာ အောင်မြင်ပါတယ်။ အဲဒီတော့ အဓိကအားဖြင့်ကတော့ စိတ်ထားဖို့ပဲ လိုပါတယ်။ အဓိက က ငါမိန်းကလေးတို့ ဘာတို့ တွေးနေဖို့မလိုဘဲနဲ့ တစ်ခုခုဆိုရင် ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်မျိုး ထားသင့်တယ်ပေါ့နော်။ နောက်တစ်ခုကြတော့ အဓိကအားဖြင့် စာဖတ်ဖို့ပေါ့နော်။ကျွန်မရဲ့ ခင်တဲ့လူကြီးတွေ နောက်လူကြီးတွေ အကုန်လုံးကလည်း တိုက်တွန်းကြတယ်။ အဓိက က စာဖတ်ဖို့၊ စာဖတ်တော့မှ ကျွန်မတို့ ဗဟုသုတတွေ အသိပညာတွေသိတယ်။ သိတဲ့အခါမှာကျွန်မတို့ ဒီအပြင်နယ်ပယ်မှာ အမျိုးသမီးတွေက ဘာတွေလုပ်နေလဲ၊ ဒီလက်ရှိမှာ ဘာတွေလုပ်နေတယ် ကျွန်မတို့ပိုပြီးတော့စဉ်းစားနိုင်မယ်။ အဲဒီအခါကြတော့ အဓိက က စာဖတ်ဖို့ရယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ကိုတွေးထားဖို့ပေါ့၊ အဓိကက ကျွန်မကတော့ ဒီနှစ်ခုကိုပြောချင်ပါတယ်။

အမွန်း (မော်ဒယ်၊အဆိုတော်)

မိန်းကလေးတွေက အခုခေတ်မှာ တန်းတူအခွင့်အရေး လုံးဝမရသေးပါဘူး။ ဒါကို တစ်ကမ္ဘာလုံးသိပါတယ်ရှင့်။ အမွန်းတို့ မြန်မာနိုင်ငံမှာမှ မဟုတ်ဘူးပေါ့နော်။ အရမ်းကိုတိုးတက်လှပါတဲ့ Gender Balance ကို ရှာနေတဲ့ ပြီးတော့ Develop ဖြစ်ပြီးသားနိုင်ငံပေါ့နော် ။ အနောက်နိုင်ငံတွေတောင်မှ Women Right ကိုအရမ်းကို ဖိုက်နေရတုန်းပါ။ အဲဒီတော့ လုံးဝမမျှတသေးပါဘူး။ မင်းသားမင်းသမီးဆိုလို့ရှိရင်လည်း မင်းသားကြေးက မင်းသမီးကြေးထက် ပိုများတယ်ဆိုတာ အားလုံးသိပါတယ်။ ပြီးလို့ရှိရင် တစ်ချို့တွေဆိုရင် နေရာတွေမှာ ဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့ ယောကျ်ားလေးတွေက Salary ပိုမြင့်နေတာမျိုးပေါ့နော်။ ဒါပေမယ့် အခုတော့ အများကြီးလျော့ကျသွားပါပြီ။ အဲဒါကောင်းတဲ့အချက်ပေါ့နော်။ အမွန်းတို့ မိန်းကလေးတွေ ပညာပိုပြီးတော့ ရှာနိုင်အောင် ကြိုးစားရမှာဖြစ်သလို ပညာပိုတတ်ပြီဆိုလို့ရှိရင်လည်း ကိုယ့်ရဲ့တန်ရာတန်ကြေးကို ကိုယ့်ရဲ့အနုပညာပဲဖြစ်ဖြစ် ကိုယ့်ရဲ့စီးပွားရေးအရပညာပေါ့နော် ဦးနှောက်ပဲဖြစ်ဖြစ် ဘယ်ထောင့်ကပဲလုပ်လုပ်ပေါ့နော်။ တောင်းရဲဖို့ အရေးကြီးပါတယ်လို့ အမွန်းမြင်တယ်။ အမွန်းထင်တာကတော့ မိန်းကလေးတစ်ယောက်က စိတ်ကောင်းရှိဖို့ပါပဲ။ ပြီးလို့ရှိရင် စိတ်ကောင်းရှိပြီး ကြင်နာတတ်ဖို့၊စကားပြောတာ ဘယ်လိုပြောမလဲ၊ မာတိုင်းလည်း သူ့မှာ ကြင်နာတဲ့အသည်းနှလုံးမရှိတာလို့ ပြောလို့မရဘူး။တစ်ချို့ကျတော့ စကားပြော မညက်ဘူး၊ စကားပြောတာလည်း လူနားဝင်ကောင်းအောင်မပြောတတ်ဘူး၊ဒါပေမယ့် သူတို့ဆီမှာ ကောင်းတဲ့စိတ်လေးရှိတယ်ပေါ့၊တစ်ချို့ကျတော့ စကားအရမ်းချိုတယ်။ပြီးရင် ပြံုးပြတတ်တယ်။ဒါပေမယ့် အထဲမှာ စဉ်းစားတာရော သူများပေါ်မှာ ကျင့်ကြံတာရောလုပ်တာရောက သူ့အပြောနဲ့သူ့ပုံစံနဲ့မညီတာတွေ ရှိတယ်ပေါ့နော်။ကျွန်မဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး။အဲဒီလိုမျိုးလူတွေကို အားလုံးကြံုဖူးမှာပါ။ အဲဒီတော့ အမွန်းလက်ခံထားတာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့မိန်းကလေးက ဟို စင်ဒရဲလားတို့၊ စနိုးဝှိုက်တို့လို သိမ်မွေ့နိုင်သလိုမျိုး Brave ထဲကမိန်းကလေး ဒါမှမဟုတ် Moanaလိုမျိုး ရဲရင့်နိုင်တယ်။ ဒါရုပ်ရှင်ကားကြည့်ဖူးသူတိုင်း Disney ကားကြိုက်တဲ့သူတိုင်း အားလုံးသိမှာပဲ။အဲဒီတော့ Just be yourself ပါလို့ ။ ကိုယ့်ရဲ့ရှိတဲ့အတိုင်းကို အရှိအတိုင်း မြန်မာမိန်းကလေးတွေ နေပါ။ ရဲတဲ့သူ ရဲသလိုနေပါ။ မရဲတဲ့သူ မရဲသလိုနေပါ။ ဒါပေမယ့် ယုံကြည်ရမှာတစ်ခုကတော့ စိတ်ကောင်းနှလုံးကောင်းမွေးပြီးတော့မှ လူတိုင်းအပေါ်မှာ ကြင်နာစိတ်ပြတတ်ဖို့ အရေးကြီးပါတယ်လို့။ ဒီနှစ်အတွက်က တကယ်ကိုအားရစရာပါပဲ။ Be Bold for Change ဆိုတဲ့အတိုင်းပဲ Bold ဖြစ်ရမယ်။ဘယ်လိုပြောရမလဲ Bold ဆိုတဲ့အတိုင်းပဲ သိသာထင်ရှားပြီးတော့မှ ကိုယ့်ရဲ့ရပ်တည်ချက် ကိုယ်ခိုင်ခိုင်မာမာလက်ခံထားတဲ့အရာတွေ ကိုယ်ဘယ်သူလဲဆိုတဲ့အရာတွေက တကယ့်ကို ကိုယ့်ကို Bold ဖြစ်စေတယ်။ Bold ဖြစ်တာနဲ့ မဖြစ်တာနဲ့ကွာတယ်ပေါ့နော်။ အဲဒီတော့ Be Bold ဆိုတဲ့အတိုင်းပဲ မိန်းကလေးတွေ for Change ကောင်းတဲ့ Change အတွက်ပေါ့နော်၊ဆိုးတဲ့ Change အတွက်တော့ Bold ဖြစ်လို့မရဘူး။ ကောင်းတဲ့ Change ဖြစ်ဖို့အတွက်ကို တကယ် Bold ဖြစ်တဲ့မိန်းကလေးဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ကို ဒီဆောင်ပုဒ်က မီးမောင်းထိုးထားတဲ့အတွက်ကြောင့်မို့လို့ ဒီဆောင်ပုဒ်ကိုအားလုံး စိတ်ထဲမှာထည့်ထားကြပါလို့ အမွန်း မြန်မာမိန်းကလေးတွေအားလုံးကို ပြောချင်ပါတယ်။

နယ်ပယ်စုံမှာ ကြိုးစားရင်း အောင်မြင်နေကြတဲ့ မြန်မာအမျိုးသမီးအချို့ရဲ့ စကားသံတွေဟာ အမျိုးသမီးထုအတွက် အားတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အမျိုးသမီးတွေအနေနဲ့လည်း ရှက်ရွံ့သိမ်ငယ်မှုတွေကို ဘေးချိတ်ပြီး ရဲဝံ့တဲ့ စိတ်ဓာတ်တွေနဲ့ ဘဝကိုရှေ့ဆက်လျှောက်လှမ်းကြစေချင်ပါတယ်။ အမျိုးသမီးတို့ရေ ပြောင်းလဲဖို့အတွက် ရဲရင့်ကြပါစို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly