သံအမတ်ကြီးကို နှင်ထုတ်လိုက်ခြင်းက မြောက်ကိုရီးယားအစိုးရကို သတိပေးလိုက်ခြင်းဖြစ်ဟု မလေးရှား ပြော

သံအမတ်ကြီးကို နှင်ထုတ်လိုက်ခြင်းက မြောက်ကိုရီးယားအစိုးရကို သတိပေးလိုက်ခြင်းဖြစ်ဟု မလေးရှား ပြော

မတ် ၆ ။                      ။ မြောက်ကိုရီးယားသံအမတ်ကြီးအား နိုင်ငံမှ ထွက်ခွာသွားရန် နှင်ထုတ်လိုက်ခြင်းက ပြံုယမ်းအာဏာပိုင်များကို သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟု မလေးရှားအစိုးရက ထုတ်ပြန်ပြောကြားသွားသည်။

ကင်မ်ဂျံုနမ် လုပ်ကြံခံရမှုအပေါ် စုံစမ်းစစ်ဆေးမှုများကို ၀င်ရောက်ကြိုးကိုင်ခြယ်လှယ်၍ ရမည်မဟုတ်ကြောင်း ပြုံယမ်းအစိုးရကို သတိပေးလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားတို့က ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူ လေဆိပ်တွင် ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုအပေါ် မလေးရှားအစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မြောက်ကိုရီးယားသံအမတ်ကြီးက ပြင်းထန်စွာ ဝေဖန်စွပ်စွဲခဲ့ကာ ယင်းကို ပြန်လည်တောင်းပန်သွားရန် ငြင်းဆန်ခဲ့ပြီးနောက် ယခုကဲ့သို့ ကွာလာလမ်ပူ အာဏာပိုင်များက ၎င်းအား နိုင်ငံမှ ထွက်ခွာသွားရန် နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ ၎င်းသံအမတ်ကြီးအား ယနေ့ ညနေ ဒေသစံတော်ချိန် ညနေ ၆ နာရီ နောက်ဆုံးထားပြီး နိုင်ငံမှထွက်ခွာသွားရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်းလည်း သိရသည်။

ဆက်လက်၍ စွပ်စွဲပြစ်တင်ပြောစကားများနှင့်ပတ်သက်၍ မြောက်ကိုရီးယားသံအမတ်ကြီး၏ ပြန်လည်တောင်းပန်မှုကို စောင့်မျှော်နေခြင်း မရှိကြောင်းလည်း မလေးရှားဝန်ကြီးချုပ်ကပါ   ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required