တိုက်စစ်မှူးလူကာကူ အဲဗာတန်အသင်း၏ ပရီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာ

တိုက်စစ်မှူးလူကာကူ အဲဗာတန်အသင်း၏ ပရီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာ

မတ် ၆၊ အင်္ဂလန် ။             ။ အဲဗာတန်တိုက်စစ်မှူးလူကာကူသည် အဲဗာတန်အသင်းက စပါးအသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့်အတွက် အသင်း၏ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

စပါးအသင်းဘက်သို့ လူကာကူသွင်းယူခဲ့သည့်ဂိုးသည် အဲဗာတန်အသင်းအတွက် ၆၁ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ယခုနှစ်ရာသီ ၁၈ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်သည်။

လူကာကူသည် ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ပွဲတွင် ၁၈ ဂိုးသာသွင်းနိုင်ခဲ့သော်လည်း ယခုရာသီတွင် ၂၇ ပွဲမြောက်၌ ၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

အဲဗာတန်အသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းယူနေသော်လည်း လူကာကူက ၎င်းအနေဖြင့် ဆွာရက်ဇ်နှင့် လီဝန်ဒေါစကီးတို့ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြရန် ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရရှိရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏အရည်အချင်းများတိုးတက်လာသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်မရသည့်အတွက် ထိပ်တန်းတိုက်စစ်မှူးဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်းမရှိကြောင်းလည်း လူကာကူက ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required