ခြေမချော်စေရန် ချယ်လ်ဆီးအသင်းကို စပါးနည်းပြ ပိုချက်တီနို သတိပေး

ခြေမချော်စေရန် ချယ်လ်ဆီးအသင်းကို စပါးနည်းပြ ပိုချက်တီနို သတိပေး

မတ် ၆၊ အင်္ဂလန် ။            ။ အဲဗာတန်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် စပါးအသင်းနည်းပြ ပိုချက်တီနိုက ချယ်လ်ဆီးအသင်းအားခြေမချော်စေရန် သတိပေးပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်း ၀က်စ်ဟမ်းအသင်းနှင့် မကစားရသေးသည့်အချိန်တွင် ဒုတိယနေရာမှ စပါးအသင်းနှင့် ရ မှတ်သာ ကွာဟလျက်ရှိသည်။ ထို့ကြောင့် ပိုချက်တီနိုက ချယ်လ်ဆီးအသင်းခြေချော်ပါက ကျော်တက်ရန် ၎င်းတို့အသင့်ရှိနေကြောင်း ပြောဆိုလိုက်သည်။

‘အရေးအကြီးဆုံးက ကွင်းထဲမှာ ကိုယ့်ရဲ့ယုံကြည်မှုကို ပြသနိုင်ဖို့ပါပဲ။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အဲ့ဒီလို ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ သုံးမှတ်အပြည့်ရယူပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်တာကတကယ်ကို အရေးပါ ပါတယ်။

အခု ချယ်လ်ဆီးနဲ့ ရ မှတ်ကွာနေပါတယ်။ ဒီထက်ပိုပြီး အမှတ်ကွာဟမှု ကျဉ်းမြောင်းလိုပါတယ်။ အခုကစားတဲ့ ပုံစံအတိုင်း ကျွန်တော်တို့ ဆက်ထိန်းထားနိုင်ပြီး ချယ်လ်ဆီးအသင်း ခြေချော်ခဲ့မယ်ဆိုရင် ရာသီအဆုံးမှာ ကျွန်တော်တို့အောင်ပွဲရနိုင်ပါတယ်။ ပုံစံကောင်းကိုဆက်ထိန်းထားရမှာပါ။ ချယ်လ်ဆီးအသင်းခြေချော်ဖို့တော့ ကံကောင်းမှုအနည်းငယ်လိုအပ်ပါတယ်’ ဟု ပိုချက်တီနိုက ပြောဆိုခဲ့သည်။

အဲဗာတန်ကို အနိုင်ရသည့်ပွဲတွင် စပါးအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ဟယ်ရီကိန်းက ၂ ဂိုး၊ ကွင်းလယ်လူ ဒယ်လီအလီက တစ်ဂိုးသွင်းယူပေးခဲ့သည်။ အဲဗာတန်အတွက် ချေပဂိုး ၂ ဂိုးကို လူကာကူနှင့် ဗလင်စီယာတို့က သွင်းယူခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required