မြောက်ကိုရီးယားက ဖျက်အားပြင်းဒုံးကျည်လေးစင်း ဂျပန်ပင်လယ်အတွင်း ပစ်လွှတ်

မြောက်ကိုရီးယားက ဖျက်အားပြင်းဒုံးကျည်လေးစင်း ဂျပန်ပင်လယ်အတွင်း ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်တွင်း ဖျက်အားပြင်း ဒုံးကျည်လေးစင်း ပစ်လွွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်တာဝန်ရှိသူများက ပြောပါတယ်။

ဒေသစံတော်ချိန် နံနက် ရ နာရီ ၃၆ မိနစ်မှာ တောင်ချန်းရီအရပ်ကနေ ပင်လယ်တွင်း ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေအနက် တစ်စင်းက ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) အနည်းဆုံး ပျံသန်းရောက်ရှိပြီး ပင်လယ်တွင်း ကျခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြပါတယ်။

“တောင်ကိုရီးယားနဲ့ အမေရိကန်အနေနဲ့ နောက်ထပ်သတင်းအချက်အလက်တွေ ရရှိအောင် အနီးကပ်ပူးပေါင်းလုပ်ဆောင်နေပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ခုဒုံးကျည်ပစ်လွှတ်လိုက်ပြီး အချိန်ပိုင်းအတွင်းမှာပဲ တောင်ကိုရီးယား ယာယီသမ္မတ ဟောင်ကျို့အန်းဦးဆောင်ပြီး အမျိုးသားလုံခြံုရေးအစည်းအဝေးခေါ်ယူလိုက်ပါတယ်။

မြောက်ကိုရီးယားပစ်လွှတ်တဲ့ ဒုံးကျည်လေးစင်းမှာ သုံးစင်းက ဂျပန်ကမ်းရိုးတန်းကနေ ကီလိုမီတာ ၃၇၀ အကွာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် ရေပြင်မှာ ကျရောက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က စတင်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက မတ် ၆ ရက်မှာ ခုလိုဒုံးကျည်တွေ ပစ်လွှတ်ခဲ့ခြင်းလည်း ဖြစ်ဖွယ်ရပါတယ်။

 မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကျုးကျော်ရန်စဖို့ ပြင်ဆင်စိုင်းပြင်းနေတာလို့ မြင်ထားပြီး အမြဲတမ်းရှုတ်ချနေခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly