၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ မနှစ်ကထက် ကန်ဒေါ်လာ ၅၈၄သန်း ပိုမိုခွင့်ပြုထား

၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ မနှစ်ကထက် ကန်ဒေါ်လာ ၅၈၄သန်း ပိုမိုခွင့်ပြုထား
 Photo - EPA

အစိုးရသစ်လက်ထက် အစဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလကုန်အထိကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကနဦး သဘောကျခွင့်ပြုထားတဲ့   နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ၅.၈၁၇ ဘီလီယံဖြစ်တယ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီပမာဏဟာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ကာလတူ အချိန်ထက် ကန်ဒေါ်လာ ၅၈၄ သန်း ပိုပြီး ခွင့်ပြုထားနိုင်တဲ့ သဘောဖြစ်ပါတယ်။

အခုနှစ် ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ ၂ လ အလိုမှာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံဖို့ အများဆုံးခွင့်ပြုထားတဲ့ ကဏ္ဍတွေကတော့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး အဲဒိကဏ္ဍအတွက် ကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုခဲ့တာပါ။ ဒိကဏ္ဍနောက်မှာတော့ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ အိမ်ခြံမြေကဏ္ဍတို့က အများဆုံး ရင်းနှီးမြှုပ်နှံထားတာပါ။ ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံဖို့ရှိတဲ့ နိုင်ငံ တွေအနေနဲ့ကတော့ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ စင်ကာပူနဲ့ ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြပြီးတော့ စင်ကာပူက ကန်ဒေါ်လာ ၃.၃၈၈ ဘီလီယံ..ဗီယက်နမ်နိုင်ငံက ၁.၃၈၆ ဘီလီယံအသီးသီး ဖြစ်ကြပါတယ်။

ဒါပေမယ့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကတော့ အခုဘဏ္ဍာနှစ်မှာလည်း ထုံးစံအတိုင်း ထင်ထင်ရှားရှားဝင်ရောက် ထားခြင်း မရှိသေးတာကို တွေ့ရပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required