ဧပြီလမှ ဇူလိုင်ဒုတိယပတ်အထိ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ရ ဒသမ ၉ ဘီလီယံရောက်ရှိ

ဧပြီလမှ ဇူလိုင်ဒုတိယပတ်အထိ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ရ ဒသမ ၉ ဘီလီယံရောက်ရှိ

ဇူလိုင် ၂၇ ရက်။      ။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စတင်သည့် ဧပြီလမှ ဇူလိုင် ဒုတိယပတ်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာ ယမန်နှစ်အလားတူကာလထက် ၀ ဒသမ ၇ ဘီလီယံ မြင့်တက်လာကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စိုက်ပျိုးရေး၊ရေထွက်ပစ္စည်းနှင့် စက်မှုထုတ်ကုန်များအစရှိသည့် အဓိကကဏ္ဍကြီး ခြောက်ခု၏ သွင်းကုန်ကဏ္ဍ၌ ဒေါ်လာ သန်း ၅၀၀မြင့်တက်လာပြီး၊  ပို့ကုန်ကဏ္ဍတွင်လည်း ဒေါ်လာ သန်း ၂၀၀ မြင့်တက် လာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန် အများဆုံးပြုလုပ်လျက်ရှိသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းအစီအစဉ်အရ ယခုနှစ်အတွင်း ကုန်သွယ်မှုပမာဏ မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုစုစုပေါင်း၏ ထက်ဝက်ခန့်သည် အာရှနှင့်အာဆီယံနိုင်ငံများဖြစ်ပြီး တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် အဓိက ပြုလုပ်ကာ ဥရောပနိုင်ငံများသို့ တင်ပို့သည့် ပမာဏသည်လည်း ဒေါ်လာ သန်း ၁၇၀ ဖိုးခန့် ရှိကြောင်း သိရသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအား ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ဖန်တီးပေးခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုရှိမလာသေးကြောင်း သိရသည်။ အီးယူနှင့် ကုန်သွယ်မှု ပမာဏ မြင့်တက်လာရန် မြန်မာနိုင်ငံ၏ ပို့ကုန်အရည် အသွေးများကို မြှင့်တင်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

ပို့ကုန်ပစ္စည်းများ၏ အရည်အသွေးများကို စနစ်တကျသတ်မှတ် စိစစ်ရန်လိုအပ်ပြီး အသေးအဖွဲ ချို့ယွင်းချက်များကြောင့် ဈေးကွက်ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲတင်ပို့ ရောင်းချမှု ပမာဏသည် ၇၀ ရာခိုင်နှုန်းရှိပြီး ၎င်းတို့က ဈေးနှုန်းကို ချုပ်ကိုင်ထားမှုကြောင့် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်နေရာ  ဈေးကွက်ပိုမိုရှာဖွေမှုများ လုပ်ဆောင်သင့်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရည်မှန်းထားပြီး ပို့ကုန်ကဏ္ဍတွင် ၁၂ ဘီလီယံ နှင့် သွင်းကုန်ကဏ္ဍတွင် ၁၇ ဘီလီယံ တို့ဖြစ်သည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအား ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ဖန်တီးပေးခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုရှိမလာသေးကြောင်း သိရသည်။ အီးယူနှင့် ကုန်သွယ်မှု ပမာဏ မြင့်တက်လာရန် မြန်မာနိုင်ငံ၏ ပို့ကုန်အရည် အသွေးများကို မြှင့်တင်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

ပို့ကုန်ပစ္စည်းများ၏ အရည်အသွေးများကို စနစ်တကျသတ်မှတ် စိစစ်ရန်လိုအပ်ပြီး အသေးအဖွဲ ချို့ယွင်းချက်များကြောင့် ဈေးကွက်ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲတင်ပို့ ရောင်းချမှု ပမာဏသည် ၇၀ ရာခိုင်နှုန်းရှိပြီး ၎င်းတို့က ဈေးနှုန်းကို ချုပ်ကိုင်ထားမှုကြောင့် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်နေရာ  ဈေးကွက်ပိုမိုရှာဖွေမှုများ လုပ်ဆောင်သင့်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ ရည်မှန်းထားပြီး ပို့ကုန်ကဏ္ဍတွင် ၁၂ ဘီလျံနှင့် သွင်းကုန်ကဏ္ဍတွင် ၁၇ ဘီလျံတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly