ဒဏ်ရာကြောင့် အီဘာနဲ့ပွဲကို စီရော်နယ်လ်ဒို လွဲချော်မည်

ဒဏ်ရာကြောင့် အီဘာနဲ့ပွဲကို စီရော်နယ်လ်ဒို လွဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

ရှေ့တန်းတိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ စနေနေ့မှာ ကစားမယ့် ရီးယဲလ်မက်ဒရစ်ရဲ့ လိဂ်ပွဲစဉ် အီဘာနဲ့ ပွဲကို လွဲချော်မယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ရီးယဲလ်က လက်စ်ပါမားစ်အသင်းကို ၃-၃ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ၂၀၁၆ ကမ္ဘာ့အကောင်းဆုံး ကစားသမားဟာ သောကြာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ရီးယဲလ်အသင်းဟာ ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ ဂါရတ်ဘေးလ်နဲ့ မိုရာတာတို့ နှစ်ဦးကိုလည်း လက်လွှတ်ရအုံးမှာဖြစ်ပါတယ်။

နည်းပြ ဇီဒန်းက "ရော်နယ်လ်ဒိုဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုရှိတယ်လို့ မခံစားရတာကြောင့် ဒီကနေ့ လေ့ကျင့်ခန်း မဆင်းခဲ့တာဖြစ်ပါတယ်"လို့ အစောပိုင်း ပြောပါတယ်။

ရီးယဲလ်ဟာ အမှတ်ဇယားဦးဆောင်သူ ဘာစီလိုနာရဲ့နောက် ၁ မှတ်အကွာ လက်ကျန်တစ်ပွဲကစားဖို့ရှိသေးတဲ့ အနေအထားနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဘာစီလိုနာကတော့ စနေနေ့နှောင်းပိုင်းမှာ ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required