ဆုဖလားတစ်ခုမှ မရဘဲ ကစားသမားဘဝ အဆုံးသတ်သွားမှာကို စိုးရိမ်တယ်လို့ ဟာရီကိန်း ထုတ်ဖော်ပြောဆို

ဆုဖလားတစ်ခုမှ မရဘဲ ကစားသမားဘဝ အဆုံးသတ်သွားမှာကို စိုးရိမ်တယ်လို့ ဟာရီကိန်း ထုတ်ဖော်ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ဟာရီကိန်းက စပါးအသင်းမှာ ဆုဖလားတစ်ခုမှ မရရှိဘဲ ကျဆုံးတဲ့ ကစားသမားတစ်ယောက်အဖြစ် အဆုံးသတ်သွားမှာကို အလွန်စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ကိန်းဟာ ပရီးမီးယားလိဂ်မှာ (၁၇) ဂိုးသွင်းယူထားပြီး လက်ရှိ သွင်းဂိုးအများဆုံးစာရင်းမှာ အဲဗာတန်ရဲ့ ရိုမီလူ လူကာကူနှင့် အာဆင်နယ်ရဲ့ ဆန်းချက်ဇ်တို့နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေတာကြောင့် နှစ်နှစ်ဆက်ရွှေဖိနပ်ဆုရရှိဖို့ အခွင့်အရေးရှိနေပါတယ်။

ဒါပေမယ့်လည်း အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ကိန်းဟာ ဝှိုက်ဟတ်လိန်းမှာ အဓိကဆုဖလားများရန်ရှိရန်သာ ပိုမိုနှစ်သက်ပါတယ်။

"ကျနော်ရဲ့ အကြီးမားဆုံး စိုးရိမ်တာက ကစားသမားဘဝမှာ လိုချင်တဲ့ ဆုဖလားတွေ မဆွတ်ခူးနိုင်ဘဲဖြစ်နေမှာကိုပါ။ ကျနော် တတ်နိုင်သမျှ များများ ရလိုပြီး မျှောင်လင့်စွာနဲ့ပဲ နောက်ပြန်ကြည့်နိုင်မှာဖြစ်ပြီး ကိုယ်ဘာတွေ ဆွတ်ခူးရယူခဲ့တာနဲ့အတူ ပျော်ရွှင်နေဖို့ဖြစ်ပါတယ်။"လို့ ကိန်းက ပြောပါတယ်။

နည်းပြပိုချက်တီနိုရဲ့ အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်နှင့် ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်တို့မှာ ထွက်ခွာခဲ့ပြီးနောက် နောက်ထပ်တစ်ရာသီ ဥရောပပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရပြန်ပါတယ်။ အက်ဖ်အေဖလားနှင့် သူတို့ရဲ့ ခပ်ပါးပါးသာ မျှော်လင့်လို့ရတဲ့ ပရီးမီးယာလိဂ်ဖလားတို့သာ ရှိပါတယ်။

စပါးအသင်း နောက်ဆုံးအကြိမ် ဖလားတစ်လုံး ကိုင်မြောက်နိုင်ခဲ့တာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ၂၀၀၈ လိဂ်ဖလားဖြစ်ပဲဖြစ်ပါတယ်။

အနီးဆုံးပြန်ကြည့်မယ်ဆိုရင် စပါးဟာ ဖလားရရှိနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ၂၀၁၅ ခုနှစ်က ဝင်ဘာလေကွင်းမှာ လိဂ်ဖလားဗိုလ်လုပွဲအတွက် ရောက်လာခဲ့ပေမယ့် ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required