လက်ရှိရာသီကုန်ဆုံးချိန်မှာ ဘာစီလိုနာကနေ ထွက်ခွာသွားမယ်လို့ နည်းပြ အင်းနရစ် ပြော

လက်ရှိရာသီကုန်ဆုံးချိန်မှာ ဘာစီလိုနာကနေ ထွက်ခွာသွားမယ်လို့ နည်းပြ အင်းနရစ် ပြော
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်ဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာ ၎င်းရဲ့ စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ သူ့အနေနဲ့ အနားယူဖို့ လိုအပ်နေတာကြောင့်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

စပို့တင်းဂီဂျွန်ကို ၆-၁ ဂိုးနဲ့ အနိုင်ပြီးတဲ့နောက်မှာ ဘာစီလိုနာကို ၃ ရာသီကိုင်တွယ်ထားတဲ့ အသက် ၄၆ နှစ်အရွယ် နည်းပြ အင်းနရစ်ဟာ အံ့အားသင့်ဖွယ် ပြောဆိုသွားတာဖြစ်ပါတယ်။

အခုလိုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ရတာဖြစ်သလို သေသေချာချာ စဉ်းစားခဲ့ပြီး အနားယူဖို့ လုပ်အပ်တာလည်းဖြစ်တယ်လို့ လူးဝစ်အင်းနရစ်က ပြောပါတယ်။

နည်းပြဘဝ ပထမရာသီမှာ ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုင်ခဲ့သလို လာလီဂါအမှတ်ပေးဖလား ၂ လုံးနှင့် စပိန်ဘုရင့်ဖလား ၂ လုံးအပါအဝင် ဆုဖလား ၈ လုံးအထိရရှိအောင် ဘာစီလိုနာအသင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပဲရစ်စိန့်ဂျာမိန်း PSG ကို အဝေးကွင်းမှာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်တဲ့နောက်မှာ ပြိုင်ပွဲကနေ ထွက်ခွာဖို့များသွားပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required