မြေထဲပင်လယ်ကိုဖြတ်ကာ ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၃၀၀ကျော် အီတလီသို့ရောက်ရှိ

မြေထဲပင်လယ်ကိုဖြတ်ကာ ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၃၀၀ကျော် အီတလီသို့ရောက်ရှိ

ရောမ၊ ဇူလိုင် ၂၆ ။     ။ ဆာဟာရတစ်ပိုင်းအာဖရိကနှင့် ဆီးရီးယားသို့မှ မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက်သူ ၁၃၀၀ ကျော်ထက်မနည်း အီတလီနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။

အီးယူနယ်စပ်လုံခြုံရေးဆောင်ရွက်မှုအတွင်း နော်ဝေသင်္ဘောမှ ကယ်တင်ခေါ်ဆောင်လာသူ အမျိုးသမီး၁၃၃ ဦးနှင့် ကလေးငယ် ၂၇ ဦးအပါအဝင် ရွှေ့ပြောင်းဝင်ရောက်သူ ၇၈၅ ဦးသည် ပါလာမိုသို့ရောက် ရှိခဲ့သည်။

နောက်ထပ် ၄၆၈ ဦးက စီစီလီယန်မြို့တောင်ပိုင်းသို့ရောက်ခဲံပြီး ကျန် ကိုယ်ဝန်သည်နှစ် အပါအဝင်ဖြစ်သည့် ၁၀၂ ဦးအုပ်စုက တရာပါနီမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ကယ်ဆယ်ရေးသမား ငါးဦး ဒဏ်ရာရခဲ့၍ ဆေးရုံတင်ပို့ကုသခဲ့ရကြောင်းလည်း သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။

အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် ဆင်းရဲမှုကြောင့် ဥရောပသို့ ခိုလှုံလာကြသည့် ရွှေ့ပြောင်းဝင်ရောက်သူများအရေးတွင် အီတလီနှင့် ဂရိနိုင်ငံတို့က ပြဿနာကြီးစွာရင်ဆိုင်ဖြေရှင်းနေရသည်။

မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပသို့ ယခုကဲ့သို့ ရွှေ့ပြောင်းဝင်ရောက်သူများဦးရေသည် ပြီးခဲသည့်နှစ်က တစ်သိန်းခွဲဝန်းကျင်ရှိပြီး ယင်းခရီးစဉ်အတွင်း သေဆုံးခဲ့ကြသူဦးရေမှာ ၁၉၀၀ ကျော်ထက် မနည်းရှိခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required