ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပဖွ့ံဖြိုးရေးအတွက် ကျပ်ငွေ ၃၂ ဘီလီယံသုံးစွဲခဲ့

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပဖွ့ံဖြိုးရေးအတွက် ကျပ်ငွေ ၃၂ ဘီလီယံသုံးစွဲခဲ့
ဓာတ်ပုံ-သူရ

ရန်ကုန်၊ မတ် ၁ ။             ။ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ အထူးစီမံကိန်းအနေဖြင့် ကျပ်ငွေ ၃၂ ဘီလီယံကို သုံးစွဲခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်၏ သက်တမ်း ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို ပြည်သူထံသို့ တင်ပြခြင်းဆိုသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ယနေ့ထုတ်ပြန်လိုက်သည့်ရုပ်သံမှာ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

"ရန်ကုန်တိုင်းပြင်ပမှာရှိနေတဲ့ ၁၂ မြို့နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်စည်ပင် သာယာ နယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ အထူး စီမံကိန်းအဖြစ်နဲ့ ၃၂ ဘီလီယံကို ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ရပ်တွေမှာ ကျွန်တော်တို့ သုံးစွဲခဲ့ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန်နှင့် နောက်ဖေးလမ်းကြားများတွင် ရေစီးရေလျှံမှုမဖြစ်စေရန် ကြိုးပမ်းခဲ့သည်ဟု ၎င်း ရုပ်သံမှတ်တမ်းတွင် ထည့်သွင်းပြောဆိုထားခဲ့သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရအနေဖြင့် လာမည့် ဧပြီ ၁ ရက်နေ့တွင် အစိုးရသက်တမ်း ၁ နှစ်ပြည့်မြောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required