မူးယစ်မှောင်ခိုရောင်းချမှုအတွက် ကိုလံဘီယာ နိုင်ငံသားတစ်ဦးကို တရုတ်ကွပ်မျက်မည်

မူးယစ်မှောင်ခိုရောင်းချမှုအတွက် ကိုလံဘီယာ နိုင်ငံသားတစ်ဦးကို တရုတ်ကွပ်မျက်မည်

ဘိုဂိုတာ(ကိုလံဘီယာ) ဖေဖော်ဝါရီ ၂၈ ။           ။ တရုတ်အာဏာပိုင်များသည် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့်စွဲချက်တင်ခံထားရသည့် အစ္စမေးလ်အင်းနရစ်အာစီနီဂတ်စ်အား ကွပ်မျက်ရန်   ပြင်ဆင်နေကြပြီး ၎င်းသည် တရုတ်နိုင်ငံအတွင်း ပထမဦးဆုံး သေဒဏ်ပေးခံရသော ကိုလံဘီယာနိုင်ငံသား ဖြစ်လာမည်ဖြစ်သည်။

ကိုလံဘီယာနိုင်ငံမှ သက်ညှာခွင့်အတွက် မေတ္တာရပ်ခံခဲ့သော်လည်း ဘိုဂိုတာမြို့ရှိ တရုတ်သံရုံးမှ အသက် ၇၄ နှစ် အရွယ်ရှိသည့် အာစီနီဂတ်စ်အား ကွပ်မျက်မည့်ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပြီး ပြည်ထဲရေးလုပ်ငန်းစဉ်များ အပြီးသတ်သွားခဲ့ပြီဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်၍ မဖြစ်နိုင်တော့ကြောင်း ပြောခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဘာမှပြောင်းလဲအောင် လုပ်ပေးလို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ပြည်ထဲရေးလုပ်ငန်းစဉ်များ အပြီးသတ်သွားခဲ့တာကြောင့်ရယ်၊ တရားရေးရာဌာနတွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်များကို လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့် ရှိတာရယ်ကြောင့်ပါ” ဟု ကိုလံဘီယာနိုင်ငံရှိ တရုတ်သံရုံးမှ ဒါရိုက်တာ လျူတာအိုက ပြောခဲ့သည်။

လောလောဆယ်တွင် ကွမ်ကျိုးမြို့၌ ထောင်သွင်းအကျဉ်းချခံထားရသော အာစီနီဂတ်စ်သည် လွန်ခဲ့သော ၂၀၁၀ နှစ်လယ်ပိုင်းတုန်းက အဖမ်းခံခဲ့ရပြီး သူသည် မူးယစ်ဆေးဝါး ၄ ကီလိုခန့်အား ဒေါ်လာ ၅၀၀၀ နှင့် လဲလှယ်ရန်အတွက် သယ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရသောကြောင့် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required