ဂျပန်ဘုရင်နှင့် မိဖုရားတို့ ဗီယက်နမ်သို့ သမိုင်းဝင် အလည်အပတ်ခရီး ထွက်ခွာ

ဂျပန်ဘုရင်နှင့် မိဖုရားတို့ ဗီယက်နမ်သို့ သမိုင်းဝင် အလည်အပတ်ခရီး ထွက်ခွာ

ဖေဖော်ဝါရီ ၂၈ ။           ။ ဂျပန် ဧကရာဇ် နှင့် မိဖုရား ဖြစ်သူတို့ ဗီယက်နမ်နိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး ထွက်ခွာသွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဗီယက်နမ်ကို ဂျပန်တို့ သိမ်းပိုက်ထားစဉ် ကာလ ဂျပန်စစ်သားတို့နှင့် ဆုံစည်းပေါင်းသင်းကာ ကွဲကွာခဲ့ကြရသူ မိသားစုဝင်များကို တွေ့ဆုံအားပေးမည် ဖြစ်သည်။

ဂျပန်ဧကရာဇ် အာကီဟီတိုနှင့် မိဖုရား မီချီကိုတို့မှာ  စစ်အတွင်းက ဂျပန်စစ်သားတို့နှင့် ဆုံစည်းပေါင်းဖက်ခဲ့ကာ ကွဲကွာခဲ့ပြီး ယနေ့အချိန်ထိ အသက်ရှင်နေထိုင်နေကြရသော ဗီယက်နမ် အမျိုးသမီးများနှင့်အတူ  ကလေးများကိုပါ တွေ့ဆုံမည်ဖြစ်ကာ ၎င်းတု့ိ ခံစားခဲ့ရသည့် ဒဏ်ရာဒဏ်ချက်တို့ကို ကူညီကုစားပေးသွားမည် ဖြစ်သည်။

ဂျပန် တော်ဝင် မောင်နှံမှာ ဗီယက်နမ်မြို့တော် Hanoi နှင့် Hue တို့ကို သွားရောက်လည်ပတ်ရန် စီစဉ်ထားပြီး ယင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ ဗီယက်နမ်ကို သိမ်းပိုက်ထားစဉ်ကာလက ဂျပန်စစ်သားများနှင့် ဗီယက်နမ်သူ အမျိုးသမီးတို့ ချစ်ကြိုက်ပေါင်းဖက်ခဲ့ကြပြီး ယင်းနောက် ၁၉၅၄ ခုနှစ်ခန့် ဂျပန်တို့   ပြန်လည်ထွက်ခွာချိန် မိသားစုများကွဲကွာခဲ့ကြပြီး ကြေကွဲထိခိုက်ခံစားထားကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required