၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရာတွင် ရုပ်ရှင်အနုပညာသည်အများစု ပါ၀င်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရာတွင် ရုပ်ရှင်အနုပညာသည်အများစု ပါ၀င်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ဖေဖော်ဝါရီ ၂၈ ။            ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ အခွန်ပေးဆောင်ကြတဲ့ အနုပညာရှင်အများစုတွင် ရုပ်ရှင်အနုပညာသည်အများစု ပါဝင်ခဲ့ပြီး ပြေတီဦး၊ နေတိုး၊ ဖွေးဖွေး၊ ခန့်စည်သူတို့ ပါဝင်နေပါတယ်။

တစ်လအတွင်း ကျပ်သိန်း၂၀ မှ  ၅၀ အထိ ဝင်ငွေဖော်ပြထားပြီး ကျသင့်သည့်အခွန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း ယနေ့ထုတ်ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ဝင်ငွေရရှိမှု တစ်လ ကျပ်သိန်း ၂၀မှ ၅၀ အတွင်း၊ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အတွင်း၊ ကျပ် ၃ သိန်းမှ ၁၀ သိန်းအတွင်း ၊ ကျပ် ၁ သိန်းမှ  ၃ သိန်းအတွင်းနှင့် ကျပ် ၁ သိန်းအောက်  အခွန်ဆောင်ထားမှုများ ဖော်ပြခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်၊ ဇေရဲထက်၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချစ်သုဝေ၊ မေသန်းနု၊ နေမင်း၊ နေမျိုးအောင်၊ ချစ်စနိုးဦး၊ ရန်အောင်၊ ဝါဝါအောင်၊ နေထူးနိုင်၊ ဂွမ်းပုံကြီး၊ အရိုင်း၊ ဦးဝင်းမြိုင်တို့ အခွန်ထမ်းဆောင်မှုစာရင်းတွင် ပါဝင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအသီးသီးတွင် ကျသင့်သည့်အခွန်များကို ကျေပွန်စွာထမ်းဆောင်ကြောင်း ဖော်ပြခဲ့ပြီး အခွန်ထမ်းဆောင်ရန်ကျန်သော အနုပညာရှင်များအနေဖြင့်  ယခုနှစ်မကုန်မီ အခွန်ထမ်းဆောင်ကြပါရန် ပြည်တွင်းအခွန်များဦးစီးဌာနက နှိုးဆော်ထားသည်။

Hip Hop အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကလည်း အခွန်ထမ်းဆောင်မှုစာရင်းတွင်ပါဝင်ခဲ့သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required