စိတ်ပျက်မှု ဖော်ပြရန် လီဗာပူးလ်နည်းပြကလော့ပ် စကားလုံးရှာမရအောင်ဖြစ်နေ

စိတ်ပျက်မှု ဖော်ပြရန် လီဗာပူးလ်နည်းပြကလော့ပ် စကားလုံးရှာမရအောင်ဖြစ်နေ

ဖေဖော်ဝါရီ ၂၈၊ လက်စတာ။                   ။ တနင်္လာနေ့တွင် လက်စတာကို လီဗာပူးလ်အသင်း ၃-၁ ဂိုးဖြင့်ရှုံးသွားပြီးနောက် နည်းပြဂျာဂင်ကလော့ပ်သည် စိတ်ပျက်မှုကို ဖော်ပြရန် စကားလုံးရှာမရအောင်   ဖြစ်နေသည်။

အိမ်ရှင်လက်စတာအသင်းအတွက် ဗာဒီကနှစ်ဂိုး၊ ဒရင့်ဝါတာကတစ်ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ်တွင် ကော်တင်ဟိုက ချေပဂိုး သွင်းနိုင်ခဲ့သော်လည်း လီဗာပူးလ်အသင်းအတွက်   နောက်ကျသွားပြီ   ဖြစ်သည်။

ပွဲအပြီးတွင် နည်းပြကလော့ပ်က အသင်းခြေစွမ်းညံ့ဖျင်းမှုနှင့် ရှုံးပွဲကြုံတွေ့မှုအတွက် ချက်ချင်းပင်တာဝန်ယူစကားပြောဆိုသည်။ စိတ်ပျက်မှုကိုဖော်ပြရန်စကားလုံးရှာရခက်နေခြင်းမှာ ၎င်းအတွက် အင်္ဂလိပ်လိဂ်ကပထမဆုံးမဟုတ်ကြောင်းလည်း ဝန်ခံသည်။

“ရှုံးပွဲကြုံတဲ့အချိန်မှာ ဘာသာစကားအခက်အခဲကကြီးမားလာတယ်။ သင့်တော်တဲ့စကားလုံးကိုရှာမရဘူး။ လက်စတာအသင်းရဲ့ တရားလွန်ရုန်းကန်အားတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြံ့ခိုင်မှုပိုင်းလည်း အားနည်းခဲ့တယ်လို့ ထင်ပါတယ်။

သူတို့ကောင်းကောင်းပြင်ဆင်ထားပြီး အဆင်သင့်ဖြစ်နေခဲ့ကြတယ်။ ပထမဂိုးကလက်ခံရခက်ပြီး သူတို့ရဲ့အရှိန်ကိုလည်း ပိုမြင့် သွားစေခဲ့တယ်။ ဂျာမန်မှာဆိုရင်ကျွန်တော့်စိတ်ပျက်မှုကိုရှင်းပြဖို့ခက်မယ်။ အင်္ဂလိပ်မှာဆိုရင်တော့ အဆုံးဆုံးပဲ”ဟု ကလော့ပ်က ပြောသည်။

ဆက်လက်၍ကလော့ပ်က နိုင်ငံခြားဘာသာစကားတစ်ခုကိုပြောဆိုရာတွင် ရှုံးနိမ့်မှုထက် အောင်မြင်မှုက ပြောရပိုလွယ်ကြောင်း၊ ရှုံးနိမ့်မှုအတွင်ပြောစရာများများမရှိကြောင်း၊ မီဒီယာများအနေဖြင့် မေးခွန်းများစိတ်ကြိုက်မေးနိုင်သော်လည်း မိမိအနေဖြင့် ပိုကောင်းအောင်ရှင်းပြနိုင်ရန်မသေချာကြောင်း ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required